Part 2

71 8 0
                                    

#Unicode

ခိုက်ရန်ရှင်းတစ်ယောက် သူ၏ ရင်ခွင်ထဲ၌ အေးချမ်းစွာအိပ်ပျော်နေသည့် ချစ်ရသူလေးအား ငေးကြည့်နေမိသည်။ ထူးဆန်းလွန်းလှစွာ မေ မနေ့ညက လုံးဝ မသောင်းကျန်းခဲ့။ ထိုအစား အသက််ပင်မရှူနိုင်လောက်သည်အထိ ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သည်။ ထိုမျှအထိ ငိုကြွေးစေသည့် တရားခံကား ကိုယ်ကိုယ်တိုင်ဖြစ်နေသည့်အခါ ပို၍ပင် ရင်နာရချေသည်။

ငိုကြွေးသံမှသည် တဖြည်းဖြည်း ရှိုက်သံလေးများအဖြစ်သို့ပြောင်းလဲသွားခဲ့ကာ ထို့နောက်တွင်တော့ လူကိုဖက်တွယ်လျက် အိပ်ပျော်သွားခဲ့လေသည်။

ပုံမှန်မဟုတ်သော အခြေအနေကြောင့် ခိုက် မလှုပ်ရဲချေ။ ထို့အတူ အိပ်လည်း မအိပ်ရဲပါချေ။ အိပ်လိုက်မိပြီး မနက်ရောက်လေမှ ပုံမှန်အတိုင်း သူမလေး၏ ရွံမုန်းနေသည့် အကြည့်ဖြင့် ရင်ဆိုင်ရမည်အား ကြောက်ရွံ့နေမိသည်။

အကယ်၌ မျက်လုံးကိုသာ မှိတ်မထားဘဲ နေလိုက်ပါက ဤချိုမြိန်သော အိပ်မက်လေးမှာ ထာဝရတည်တံ့နေမည့်နှယ် ရူးမိုက်စွာ တွေးတောနေမိသည်။

ထိုစဥ် ရင်ခွင်ထဲမှ အကောင်ပေါက်လေးက လှုပ်ရှားလာ၏။ နိုးလာပြီး ယခင်အတိုင်း သောင်းကျန်းလာမည်စိုးသည်ကြောင့် အသက်ပင် မရှူရဲပါချေ။ သို့သော် အနှီနတ်သမီးလေးက ရင်ခွင်ထဲသို့ ပိုတိုးလို့ဝင်ကာ နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သည်။

နူးညံ့လွန်းသည့် ကိုယ်လုံးလေးအား ပွေ့ပိုက်လျက် ဤအခိုက်အတန့်လေး ထာဝရတည်မြဲစေရန်အလို့ငှါ ဆုတောင်းရသည်မှာလည်း အကြိမ်ရေ ထောင်ချီနေလောက်ပေပြီ။

လှုပ်ရှားမှုကြောင့် ရှုပ်ထွေးသွားသော ဆံနွယ်လေးများအား အသာသပ်တင်ပေးလျက် နူးညံ့ချောမွေ့နေသော ပါးပြင်လေးအား ခပ်ဖွဖွ ပွတ်သပ်ပေးမိသည်။

~~ ကိုယ် မင်းကို သိပ်ချစ်တာ မေရဲ့...~~

~~ ကိုယ့်ဘက်ကို တစ်ချက်လေးဖြစ်ဖြစ် လှည့်ကြည့်ပေးလို့ မရဘူးလားကွာ..~~

ခိုက်ရန်ရှင်းသည်ကား မေ၏ ဆံနွယ်လေးများကို ပွတ်သပ်ပေးလျက်၊  နူးညံ့သည့် ကိုယ်လေးကိုလည်း ပွေ့ပိုက်ထားရင်း တစ်ညလုံး မျက်လုံးအပြူးသားဖြင့်သာ ကုန်ဆုံးခဲ့ရရှာလေသည်။

Reborn To Be With YouWhere stories live. Discover now