လက်တွေ့

41 3 0
                                    

မင်းသိလား
ဘ၀ကြီးကို အရမ်းကိုလက်တွေ့ကျကျ
တွေးတောတတ်ဖို့ ငါ့အတွက်လည်း
ခက်ခဲတယ်ခဲ့တယ်ဆိုတာကို
သံယောဇဉ်တွေကိုဖြတ်ရတယ်
ထွက်ခွာသွားတဲ့သူတွေကို
ပြုံးပြနိုင်အောင်ကြိုးစားရတယ်
ထွက်ပြေးသွားတဲ့သူတွေကို စွန့်လွှတ်နိုင်ဖို့ကြိုးစားရတယ်
ဖြစ်ပြီးရင်ပျက်မှာဘဲ ဆိုတဲ့
သခ်ါရ သဘောတရားတွေက
ဦးနှောက်ထဲမှာ အလကားသက်သက်
သံမှိုနဲ့ရိုက်ထားသလိုစွဲမြဲနေတာမဟုတ်ဖူး
အမျှော်ကြီး မျှော်ခဲ့ပြီးမှ ပျော်ပျော်ကြီး
ပျက်စီးသွားတဲ့ မျှော်လင့်ချက်‌အပိုင်းစတွေ
ငါ့ နှလုံးသားရဲ့ တစ်နေရာမှာရှိတယ်
တချိ့က မင်းဆီက တချို့က မိသားစုဆီက
တချို့က ငါကိုယ်တိုင် ရိုက်ချိုးခဲ့တဲ့
ငါ့ရဲ့ အပိုင်းအစတွေ သိပ်လွတ်လပ်တဲ့ခေတ်လူငယ်တစ်ယောက်လို့ မင်းထင်တယ်မလား
တကယ်တော့
အနှောင်အဖွဲ့တွေက ငါ့ရင်ဘတ်ထဲမှာ
ထပ်ပြီး ချုပ်နှောင်လာမဲ့
ကြိုးတွေကို ငါထပ်ပြီးတောင့်မခံနိုင်တော့ဘူး

ချစ်မှန်းသိလို့ မင်းကိုရက်စက်တာမဟုတ်ဖူး
ငါက လက်တွေ့သမားလေကွယ်.......။

အတွေးများရဲ့ ဟိုတစ်စဒီတစ်စWhere stories live. Discover now