Uni
ညနေကြတော့ အလုပ်ဆင်းတာနဲ့ မောင်နဲ့အတူတူ လိုက်လာခဲ့သည်။
စားသောက်ဆိုင် တစ်ခုရဲ့ VVIP room ထဲမှာ မောင်နဲ့အတူတူမောင့်ဧည့်သည်တွေကို စောင့်နေရတာ ။" မောင် သူတို့က မလာသေးဘူးလား "
" လာတော့မှာပါ ထယ်ရဲ့ "
ထိုအချိန် အခန်းထဲသို့ ယောက်ျား တစ်ဦးနှင့် မိန်းမ တစ်ဦး အတူ ယှဥ်တွဲကာ ဝင်လာကြသည်။
ယောက်ျား တစ်ဦးရဲ့ လက်ထဲမှာ ကလေးတစ်ဦးကိုပါ ချီပွေ့ထားသည်။" ဟမ် ထယ်ယောင်း "
ထိုယောက်ျားက ထယ်ယောင်းကို မြင်တော့အံ့သြသွားသည်။
သူ့ဘေးနားက မိန်းမကလည်း သူ့လက်ကို ချိတ်ထားသေးတာ ။" ဝူရှစ်ရားးး"
အဲ့ကောင် ရည်းစားရပြီဆိုတာသိတယ် မနက်ထဲက ဖုန်းလှမ်း ဆက်ထဲက သိနေတာ ၊ ဒါပေမဲ့ သူမထင်ထားတဲ့ သူနဲ့ တွဲလိမ့်မယ်လို့ တကယ်ကိုမထင်ထားခဲ့တာ။ မိန်းမအဲ့လောက်တောင်ရှားနေလားမသိဘူး ဒီကောင်။
ထယ်ယောင်းက ရုတ်တရက် ထိုင်နေရာကနေ ထလိုက်တော့ ဂျောင်ဂုကပင် လိုက်ထ ပြီး ထယ်ယောင်းရဲ့ ခါးလေးကို ဖက်ထားလို့။
" ထယ်အသိတွေလား "
" အင်း မောင် ၊ သူက ထယ့်ရဲ့ သူငယ်ချင်း "
" တွေ့ရတာ ဝမ်းသာပါတယ် ၊ ချွဲဝူရှစ်လို့ခေါ်ပါတယ် ၊ မင်းကငါ့ကိုမသိပေမဲ့ ငါကတော့မင်းကိုသိနေတာကြာပြီ ၊ ထယ်ယောင်း နိုင်ငံ ခြားမှာနေတုန်းက မင်းအကြောင်းချည်းပဲ ပြောနေတာ ငါတောင် နားရည်ဝနေပြီ "
ဝူရှစ်က ဘယ်ဘက်လက်ကိုလှမ်းတော့ ဂျောင်ဂုကလည်း ထိုနည်းတူစွာ သူ့ရဲ့ ဘယ်ဘက်လက်ကိုလှမ်းလိုက်သည်။
" ဟားဟား ဟုတ်လား ဗျ ၊ ထယ်က ကျွန်တော့်အကြောင်းချည်းပဲ ပြောနေတယ်ဆိုတာ "
ဂျောင်ဂုက ရယ်သန်းကာပြောတော့ ဝူရှစ်ကလည်း မျက်လုံးမှေးသည်အထိ ရယ်သန်းပြလိုက်ကာ
" ဟုတ်တယ် ဗျာ ၊ သူက မင်းကို အတော်ချစ်ရှာသားပဲ မင်းတော့ကံကောင်းတယ် ဂျောင်ဂုရာ "
ထိုသို့ပြောတော့ ဂျောင်ဂုက ထယ်ယောင်းရဲ့ မျက်နှာလေးကို နူးညံ့သောမျက်လုံးတစ်စုံဖြင့် ကြည့်လိုက်သည်။ ထို့နောက်
YOU ARE READING
Don't go away from me
Fanfictionမင်းကို ပထမ တစ်ခါဆုံးရှုံးပြီးသွားပြီ နောက်တစ်ခါတော့ ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ဘူး #Jungkook အင်းငါက မောင့်ကို သိပ်ချစ်တာမို့လို့ မောင်က ဘာ ဖြစ်ဖြစ်က ငါကချစ်တယ် #Taehyung