Diamonds are forever (Unicode)

2.2K 174 80
                                    

Spain, Madrid

Manzanares မြစ်ကမ်းပါးပေါ်မှ ဗိသုကာလက်ရာအမြောက်အများနှင့် လူနေထူထပ်လှသည့် Madrid မြို့ဟာ private jetပေါ်မှ လှမ်းကြည့်လျှင်တောင် သူမတူသည့်အရှိန်အဝါတစ်မျိုးကို ပြည့်ပြည့်ဝဝပေးသည်။

Madrid၏ ခမ်းနားလှသောမြင်ကွင်းအပေါ်
ကျေနပ်မှုကြောင့် နှင်းဆီဖူးလိုနှုတ်ခမ်းထူထူက ကွေးညွတ်သွားချိန် ကော့တက်လာသည့် နှုတ်ခမ်းထောင့်စွန်းတို့ဟာ နတ်ဘုရားတွေရှုံးလောက်အောင်ကို ဂန္တဝင်လက်ရာ။

"Hello Madrid"

233စတုရန်းမိုင်ကျယ်ဝန်းသည့် မြို့ပြကြီးဟာ ဝေဟင်ပေါ်မှလှမ်းကြည့်လျှင်တောင် မျက်လုံးကိုဖမ်းစားနိုင်သည့် မြင်ကွင်းတို့ကအများအပြား။

လိမ္မော်နီရောင်အိမ်အမိုးတွေ၊အလယ်ခေတ်ကဗိသုကာလက်ရာမြောက်လှပါ‌သော အဆောက်အအုံတွေ၊ဖြောင့်ဖြူးလှသည့် ကားလမ်းကြီးတစ်လျှောက်စိုက်ပျိုးထားသည့် စိမ်းစိုစိုသစ်ပင်တန်းတွေ။

9ရာစုမှစခဲ့သည့် ကြီးမားလှသည့်အရှိန်အဝါတို့အောက်မှာ ယနေ့အထိခေတ်အဆက်ဆက်ဗိသုကာလက်ရာတွေကို တစ်နေရာထဲစုစည်းထားနိုင်သည့် နိဗ္ဗာန်ဘုံလို နေရာကို မျက်မြင်တွေ့ရတော့မှ Jakeစောစောရောက်မလာမိတာ နောင်တအနည်းငယ်ရမိသည်။

ဘာလို့လဲဆို
Madrid ဆီကိုလာခဲ့သည့် သူ့ရဲ့ပထမဆုံးခရီးစဉ်ဟာ
သိပ်ကိုတိုတောင်းမှာဖြစ်သလို လည်ပတ်ဖို့လဲ လုံလုံလောက်လောက်မအားလပ်ခြင်းမျိုးမဟုတ်ပဲ လုံးဝကိုမအားလပ်ခြင်းတွေကြောင့်လို့ဆိုရမည်ထင်သည်။

နောက်နှစ်နည်းနည်းကြာသွားရင်တော့ မောင့်လက်ကိုချိတ်ပြီးအတူတူလာနိုင်ဖို့မျှော်လင့်မိတယ်။ပကတိကြည်လင်သန့်ရှင်းလှကာ မဟူရာစိန်တစ်လုံးလို တောက်ပလှသည့်မျက်ဝန်းတို့က မြို့လယ်ကောင်ရှိစတုဂံသဏ္ဍာန်တည်ဆောက်ထားသည့် Plaza Mayor ကိုကြည့်ရင်းဆန္ဒပြုမိသည်။

မကြာခင်မှာပဲ ဆိုက်ရောက်ခဲ့သည့်လေယာဉ်။
နေဗီပြာရောင် suitကို ဝတ်ဆင်ရတာသိပ်သက်တောင့်သက်သာမရှိလှပေမယ့် အခြေအနေအရပေါ့။
မျက်နှာကိုအနည်းငယ်ပိုပြီးအသက်ကြီးကာ လူကြီးလူကောင်းပုံပေါက်စေသည့် မျက်မှန်တစ်လက်ကိုရွေးတပ်လိုက်ပြီး လေယာဉ်ပေါ်မှခြေချလိုက်သည်။

Criminal:Sim [ Jakehoon Oneshot ]Where stories live. Discover now