နွေဦးကိုလည်း တစ်ဖန်ရောက်လာလို့ အထက်တန်းပထမနှစ်ကိုလည်း Jungkook ရောက်နေပြီ ဖြစ်၏။ သူ့ အလယ်တန်း ကျောင်းဆင်းပွဲရဲ့ ဓာတ်ပုံတချို့ကို သူ့ စာအုပ်ကြား ညှပ်ကာ သိမ်းထား၏။
ပုံက အထူးအဆန်းရယ်လို့တော့ မဟုတ်။ ပန်းစည်းကြီး ကိုင်ကာ ရပ်နေသည့် သူဌေးလေးနဲ့ ဂုဏ်ပြုလွှာကို ကိုင်ထားသည့် Jungkook ရယ် ဒီအတိုင်း မတ်တပ်ရပ်နေကြခြင်း ဖြစ်သည်။
မှတ်တိုင်ကို မရောက်မီ bus ပေါ်မှာ ထိုပုံကို ထုတ်ကြည့်ပြီး သူ့ မျက်နှာက ခပ်ပြုံးပြုံး ဖြစ်နေသေးသည်။
Royal High School မှာ သူ ဝင်ခွင့်အောင်၏။ သူဌေးလေးတို့ မိသားစုပိုင်သည့် ကိုယ်ပိုင်အထက်တန်းကျောင်း ဖြစ်သည်။
ဒီကိုရောက်အောင် ပညာသင်ဆုအတွက် အလယ်တန်းနောက်ဆုံးနှစ်မှာ အသေအလဲ ကြိုးစားခဲ့ရတာ ဖြစ်၏။
Royal ရဲ့ ကျောင်းစရိတ်က သာမန်ဝန်ထမ်းဘဝနဲ့ သူ့ မိဘတွေ တတ်နိုင်လောက်သည့် ပမာဏတော့ မဟုတ်။
မှတ်တိုင်ရောက်လို့ ကားရပ်သော်လည်း ကျောင်းဝန်းအထိကို လမ်း နည်းနည်း ထပ်လျှောက်ရသေးသည်။
ကျောင်းအဝင်ဝမှာ ရေးထိုးထားသည့် ကျောင်းနာမည်ကျောက်တိုင်ကအစ ရွှေရောင်နဲ့ တော်ဝင်ဆန်၏။
ခြံဝန်းတံခါးကလည်း ရွှေရောင်ကွပ်ထားခြင်း၊ အုတ်တံတိုင်းတွေကလည်း အဝါနုရောင် ဖျော့ဖျော့ကို သုံးထားသည်။
သူ့ သူဌေးလေးက ဒီလိုနေရာကို ပိုင်သည့် သူဌေးသားလေး ဖြစ်နေသည်မို့ သူ ထပ်ပြီး ပြုံးမိပြန်ပါသည်။
ကျောင်းဝန်း ဧရိယာက အကျယ်ကြီး ဖြစ်သည်။ သူ တက်ခဲ့သည့် သာမန်ကျောင်းတွေလိုတော့ မဟုတ်။ အဝင်ဝမှာ မြေပုံပါ ထားပေးရသည်အထိ ကျောင်းဝန်းက ကျယ်ပြန့်သည်။
ကျောင်းသားသစ်အနေနဲ့ ဆရာများ ရုံးခန်းကို အရင်ဆုံးသွားရသည်။ သူ့ အတန်းပိုင်ဆရာက မျက်နှာချို၏။ စာတော်သည့် ပညာသင်ဆုရ ကျောင်းသားဖြစ်နေသည်မို့လည်း ပါ လိမ့်မည်။
ကျောင်းခန်းကိုလည်း ဆရာနဲ့အတူ ခေါ်သွားပေးသည်။ အခန်းက အကျယ်ကြီး ဖြစ်ပေမယ့် ၃၀ လောက်သာ တစ်ခန်းထားပြီး စနစ်တကျ သေချာ လေ့ကျင့်ပေးတာမျိုး
YOU ARE READING
Irregular Heartbeat [Completed]
Fanfictionseason 2 of My Fav Man start: August 2, 2023 end: September 28, 2023