#Unicode
"ကင်မ်ထယ်ယောင်း!"
ညစာစားခံနီးအချိန်မှာမှကြားလိုက်ရတဲ့အသံကြောင့် ထယ်ယောင်း၏ဆာနေတဲ့ဗိုက်တောင်ဘယ်ဆီနေမှန်းမသိဖြစ်သွားသည်။
"ဧည့်သည်ကမဖိတ်ပဲရောက်လာတော့ ဘယ်လိုလုပ်မလဲထမင်းကပိုမချက်ထားဘူး"
"မင်း ချို(ဂျို)ကြွနေတာလားဟမ်"
"ဘာကို...."
"မင်းမျိုးနွယ်စုသခင်လေးကိုရိုက်လိုက်တာအခုဘယ်လိုဖြစ်နေလဲ သိလား"
"ကျွန်တော်သိလို့ရောထူးခြားသွားမှာလား"
"မင်းအခု ကင်မ်အိမ်တော်ကိုသိက္ခာချနေတာလား မင်းကြောင့်အခု အဖေအကုန်လိုက်ရှင်းနေရပြီ"
"သိက္ခာချတယ်ပြောရအောင် ကင်မ်အိမ်တော်ကကျွန်တော့်ကိုသားအဖြစ်အသိမှတ်ပြုထားလို့လား"
"......"
"ဟက်.....မှန်တာပြောတော့လဲတိတ်သွားရတာပဲ"
"တောက်စ်! မင်းလိုကောင်မျိုးကမွေးကိုမလာသင့်တာ"
"သေချာပေါက်ပေါ့ တကယ်လို့..မွေးမလာခဲ့ရင်တောင်ကျွန်တော်ကပျော်ဉီးမယ်"
ပြင်းထန်လွန်းတဲ့အအေးဓာတ်ကပတ်ဝန်းကျင်တစ်ခုလုံးကိုလွှမ်းမိုးသွားချိန်မှာအရာအားလုံးဟာတိတ်ဆိတ်လို့သွားသည်။
"မင်းကိုပညာပေးမှရတော့မယ် ကင်မ်ထယ်ယောင်း"
ထိုစကားကိုထယ်ယောင်းပြုံး၍တုံ့ပြန်လိုက်သည်။
"သခင်လေးစွမ်းရင်...စမ်းကြည့်လိုက်ပေါ့"
ဒေါသတကြီးထွက်ပေါ်လာတဲ့အအေးဓာတ်ရဲ့ပြင်းထန်တဲ့အရှိန်ကြောင့် ထယ်ယောင်းမျက်လုံးကိုမှိတ်လိုက်သည်။သို့သော် လွှတ်ထုတ်လိုက်တဲ့အပြာရောင်အလင်းတန်းအားဝင်ရောက်တားဆီးလိုက်သော ဓားနီတစ်လတ်က...
"မင်းဘာအချိုးချိုးတာလဲ အစေခံကောင်"
"သခင်လေးမှာဘာအပြစ်မှမရှိပါဘူး သခင်လေး၂အနေနဲ့ ကျွန်တော့်သခင်လေးကိုကိုယ်ထိလက်ရောက်ကျူးလွန်မယ်ဆိုရင်တော့ ကျွန်တော်လဲငြိမ်ခံနေမှာမဟုတ်ပါဘူး"
YOU ARE READING
Other Side Of The World
Fanfiction" နေဉီး...နေဉီး...ငါပဲရူးသွားတာလား မင်းတို့တွေပဲကျပ်မပြည့်တာလား ဘာကိုမှော်မြို့တော်လဲ?"