Unicode~

1.3K 116 18
                                    

အချစ်ဦး

16နှစ်မှာတွေ့ခဲ့ရတဲ့အချစ်ဦးဟာ သိပ်လှပခဲ့တယ်
အဲ့နေ့ကကောင်းကင်ပြာပြာကြီးအောက်မှာ
ငါ့စိတ်ကလေးသူ့စီမတော်တဆ၀င်တိုက်မိခဲ့တာ
သူဟာငါ့ရဲ့ပထမဆုံးချစ်သူမဟုတ်ခဲ့ပါဘူး
သို့သော်သူဟာငါ့ရဲ့ဘ၀တစ်လျှောက်လုံးမှတ်မိနေမဲ့
အချစ်ဦးဖြစ်ခဲ့တယ်

ထိုနေ့ကခပ်မှိုင်းမှိုင်းဖြစ်နေတဲ့ရာသီဥတုကြောင့်ဟန်နေးစိတ်မကြည်ခဲ့ပါ။မှတ်မှတ်ရရတစ်ညလုံးဇာတ်ကားကြည့်ခဲ့ပြီး မနက်ကြမှအိပ်ယာကမထချင်ပဲအတင်းကုန်းရုန်းထခဲ့ရတဲ့တနင်္လာနေ့တစ်ရက်ပေါ့။ဆယ်တန်းမို့လို့ဟန်နေးစာလုပ်သလားမေးရင်
ဟွန့်အွန်းလို့ဖြေရပါလိမ့်မယ်။မေမေကဟန်နေးကိုအလိုလိုက်ပေမဲ့ကျောင်းနဲ့ပတ်သက်ပြီးတော့အလိုမလိုက်ပါ။မေမေသာအတင်းမလွှတ်ခဲ့ရင် ဟန်နေးကအချစ်ဦးဆိုတာကိုရှာတွေ့ခဲ့မှာမဟုတ်သလို သူမနဲ့လဲဆုံခဲ့မှာမဟုတ်ဘူး။‌

လူတိုင်းမှာအချစ်ဦးဆိုတာရှိစမြဲလေ။ဘယ်သူတွေရဲ့အချစ်ဦးကဘယ်လိုမျိုးဖြစ်မလဲမသိပေမယ့် ဟန်နေးရဲ့အချစ်ဦးကတော့ ညာဘက်မျက်ခုံးနားကမှဲ့နက်ကလေးနဲ့အမျိုးသမီးတစ်ဦးဖြစ်ခဲ့ပါတယ်။ဘယ်လိုဖြစ်ပြီးသူ့စီကိုနစ်၀င်သွားခဲ့သလဲဆိုတာ ဟန်နေးကိုယ်တိုင်လဲမသိပါ။သူ့ကိုယ်သူမမလို့သုံးလိုက်တုန်းကလား၊ဒါမှမဟုတ် ဟန်နေးကိုပြုံးပြလိုက်တုန်းကလား အဲ့မတိုင်ခင် အကြည့်ချင်းစုံမိတုန်းကလား။

ရိုးရှင်းစွာတွေ့ဆုံခဲ့ကြတာပါ။ဇာတ်လမ်းတွေထဲကလိုကော်ရစ်တာမှာလဲ၀င်မတိုက်ခဲ့ဖူးပါ၊ပြုတ်ကျသွားတဲ့စာအုပ်တွေလဲအတူတူမကောက်ခဲ့ဖူးပါ။အိပ်ချင်မူးတူးနဲ့ကျောင်းထဲ၀င်လာတဲ့ဟန်နေးကိုလမ်းလေးမေးခဲ့ရုံပါ။

ထာ၀ရထက်တစ်ရက်ပိုWhere stories live. Discover now