Unni
နွေဦးရာသီမို့ လမ်းမပေါ်မှာ သစ်ရွက်တွေဟာ
ဟိုတစ်စ ဒီတစ်စပြန့်ကြဲနေ၏။ကောင်းကင်ကြီးကလည်းအနည်းငယ်
ကြည်လင်နေသလို အလုပ်သစ်ကို
စတင်ပြုလုပ်တော့မည့် ရှန့်၏
ခြေလှမ်းတွေဟာလည်း
ပေါ့ပါးသွက်လက်နေ၏။တစ်ခါမှမလုပ်ဖူးပေမဲ့ အတွေ့အကြုံ
အသစ်လည်း လိုချင်မိတာမို့။
သူဒီအလုပ်ကိုလက်ခံလိုက်ခြင်းသာ။ရှန်အရမ်းကိုစိတ်လှုပ်ရှားနေတာမို့
သူကိုယ်တိုင်တောင် မသိလိုက်ခင်မှာပဲ
ခမ်းနားလွန်းသည့် ခြံတံခါးကြီးတစ်ခုရှေ့သို့
ရောက်သွားပြီဖြစ်တယ်။''လိပ်စာကမှန်လောက်ပါတယ်နော်''
အထင်နဲ့အမြင်နဲ့ တော်တော်လေးလွဲ
နေသည်မို့ ရှန်လက်ထဲက လိပ်စာကဒ်ကို
ပြန်ငုံ့ကြည့်လိုက်သေးသည်။''မသိတော့ဘူးကွာ''
တင်းတောင်*
စိတ်လှုပ်ရှားလွန်းတာမို့ ရင်ခုန်သံတွေတောင်
မြန်ချင်ချင်ဖြစ်လာရ၏။သူရောက်နေတဲ့နေရာဟာ
ဘယ်လောက်တောင်
ထူးခြားသလဲဆို လူခေါ်ဘဲလ်တောင်မှ
ရွှေရောင်တစ်ဝင်းဝင်းဖြင့်တောက်ပနေ၏။
တကယ့်ရွှေအစစ်လိုမျိုးပေါ့။''ဝင်ခဲ့ပါ''
ခနအကြာမှာတော့ အိမ်အကူလို့ထင်ရတဲ့
အမျိုးသမီးတစ်ဦးက ခြံတံခါးကိုလာဖွင့်ပေး၍
ရှန့်ကိုလည်း အိမ်အတွင်းသို့ ခေါ်ဆောင်သွား၏။အိမ်အထဲသို့ခေါ်ဆောင်သွားမည့်
ခြံထဲရှိလမ်းကျဥ်းလေးကို မြင်တော့
ရှန့်ဟာမျက်လုံးလေးတောင်
အနည်းငယ်ပြူးချင်သွား၏။လမ်းဟာရှည်လွန်းလို့ ခန့်မှန်းခြေ
ဆယ်မိနစ်လောက်တော့
လမ်းလျှောက်ရမည်ထင်၏။
အဲ့တာကြောင့်လဲ ထိုအမျိုးသမီး
တံခါးလာဖွင့်တဲ့အချိန်က ကြာနေခဲ့တာ။''ဝင်သွားလိုက်ပါ အထဲမှာ
စောင့်နေတဲ့သူ ရှိပါတယ်''''ဟို အမအဲ ညီမ...''
အခေါ်အဝေါ်ကိုရှန်စဥ်းစားနေတုန်းမှာပဲ
ထိုအမျိုးသမီးကပြုံးကာ။