Born to be yours

376 22 32
                                    

KIM DOYOUNG!

လာပါပြီ ကျွန်တော့နှလုံးသားလေးကိုအပိုင်သိမ်းထားတဲ့ လူဆိုးကြီး

မှတ်မိပါရဲ့ လူဆိုးကြီးရဲ့ romantic မဆန်တဲ့ဖွင့်ပြောပုံဖွင့်ပြောနည်း‌ကို

လွန်ခဲ့တဲ့နှစ် ဆီးနှင်းတစ်ပြိုက်ကျနေတဲ့ Christmas ညကြီးမှာ ဖုန်းဆက်ခေါ်ပြီး

"အခုချက်ချင်း အိမ်ရှေ့ထွက်ခဲ့ Kim Doyoung" ဆိုတဲ့လေသံလေးကို

လူဆိုးကြီးရဲ့ မူးနေတဲ့လေသံကြောင့် ပြာယာခတ်ပြီးအိမ်ရှေ့အမြန်ဆင်းခဲ့ပေမယ့် ဆရာသမားက မူးနေတာနဲ့ကိုမတူအောင် နှင်းမှုန်တွေကြားထဲမှာ ချောမောမှုကအထင်းသား

ကျွန်တော့ကို‌ေတွ့ပြန်တော့လဲ တန်းရန်တွေ့တာလေးကအစချစ်ဖို့အရမ်းကောင်းခဲ့တာ

"မင်း ဘာလို့ငါ့ကိုမစောင့်တာလဲ"
"ဘာလဲ မင်းက ဟို Minsu ဆိုလား ဘာလား အဲ့ကောင်ကိုကြွေနေတာလား"

မူးပြီးထင်ချင်ရာတွေထင်နေတဲ့ ရုပ်လေးကလေ အူယားစရာလေးဗျာ

"မေးနေတာဖြေလေ"
"မဖြေလဲနေ"

အင့် ပြွတ်စ်

"ငါ့ကိုမျက်လုံးပြူးနဲ့လာမကြည့်နဲ့
Kim Doyoung"
"ငါ့ကို သ၀န်တိုအောင်လုပ်တိုင်း မင်းကိုငါနမ်းမယ်"
"ဒါ မင်းကိုငါပေးမဲ့အပြစ်ပဲ"
"ဒီနေ့ကစပြီး ငါ့ရည်းစားဖြစ်သွားပြီ"

လူဆိုးကြီး အဲစကားပြောတုန်းက ကျွန်တော့မှာ နှလုံးတောင်ပေါက်ထွက်ပြီထင်နေခဲ့တာ
မယုံနိုင်လို့လဲ ပြန်ပြောခဲ့သေး
"ဘာမှလဲမဆိုင်ဘူး"

လူဆိုးကြီးကလည်းမဆိုင်ဘူးပြောလို့
"မဆိုင်လဲဆိုင်လိုက်"
"မင်းကိုတခြားကောင်တွေနဲ့ တွဲသွားတွဲလာတာမျိုး ငါလုံး၀မမြင်ချင်ဘူး"
"မြင်ရင် ငါ့အဆိုးမဆိုနဲ့"
"ငါဆိုတဲ့ Kim Junkyu ကငါ့အပိုင်ဆို သူများထိတာမပြောနဲ့ ကြည့်တာကိုမကြိုက်တာ"

လူဆိုးကြီး တစ်နည်းအားဖြင့် ကိုကို့ပါးစပ်ကထွက်ခဲ့တဲ့ "ငါ့အပိုင်" ဆိုတဲ့ စကားလေးကြောင့် ကျွန်တော့မှာလေ ရပ်နေရာကနေ အငွေ့ပါပျံသွားချင်ခဲ့တာ

ကိုကိုကလေ လူကြည့်ရင်သာ ဘယ်သူ့မှ ဂရုမစိုက်တဲ့ပုံစံပေမယ့် ကလေးတစ်ယောက်လိုပဲ သူလိုတာမရရင် အရမ်းစိတ်ကောက်တတ်တာ

𝙶𝚘𝚘𝚍 𝙺𝚒𝚜𝚜𝚎𝚛 Where stories live. Discover now