🦋1🦋

334 38 15
                                    

ဆောင်းရာသီက ယခုထက်တိုင် မကုန်သေး၍ ရာသီဥတုက အတော်လေး အေးလို့နေဆဲပင်။


ဤသည်ကို လမ်းမများထက်တွင် ဟိုတစ်စုသည်တစ်စု ပြန့်ကျဲလို့နေသည့်  အဖြူရောင် နှင်းများက သက်သေပြလို့နေလေသည်။


ယခုညသည် လ၏အလင်းရောင် ကွယ်ပျောက်နေသော လမိုက်ညဖြစ်သော်လည်း လမ်းမီးတိုင်မှ မီးအရောင်က လမ်းသွားလမ်းလာများအတွက် လုံလုံလောက်လောက် အလင်းပေးနိုင်သေးသဖြင့် တော်ကာကျသည်ဟု ဆိုရပေမည်။


ယခုလို အေးစက်နေသည့်‌ေဆာင်းရာသီညချမ်းတွင် မည်သူကမှ အပြင်ထွက်လိုစိတ်မရှိကြသဖြင့် လမ်းမတစ်လျှောက်က တိတ်ဆိတ်လို့နေပြီး ရံဖန်ရံခါတွင် ပုဇင်းရင်ကွဲများ၏အော်သံကို တစ်ချက်တစ်ချက်သာ ကြားရလေသည်။



ထိုစဉ် ပိုးဖလံများ စုပြုံတိုးဝှေ့နေသောလမ်းမီးတိုင်အောက်မှ ပုံရိပ်လေးတစ်ခုဖြတ်သွားသဖြင့် ဝါကျင့်ကျင့်မီးရောင်ကြောင့်  လမ်းမထက်တွင် ထိုပုံရိပ်လေး၏ အရိပ်ထင်ဟပ်သွားစေလေသည်။



အသေအချာကြည့်မည်ဆိုလျှင် ထိုပုံ‌ရိပ်လေးမှာ စက်ဘီးနင်းလာသည့် လူငယ်လေးတစ်ဦးဖြစ်လေသည်။



စက်ဘီးနင်းလာသော လူငယ်လေးသည် ဤကဲ့သို့ ချမ်းအေးလှသော ဆောင်းတွင်းကြီးတွင် အ‌ေနွး၀တ် ပါပါးတစ်ထပ်တည်းသာ ၀တ်ဆင်ထားသည်မှာ အံ့ဩဖွယ်အတိဖြစ်သည်။


အနည်းငယ် အာရုံစိုက်ပြီး ကြည့်လိုက်လျှင်ပင် ထိုအနွေး၀တ်မှာ သစ်လွင်မနေဘဲ အကျီလက်မှာလဲ ကောင်လေး၏ ရှည်လျားသော လက်တံကို အလုံအလောက် ဖုံးပေးနိုင်စွမ်းမရှိမှန်း သိသာလေသည်။



ကံကောင်းသည်မှာ ကောင်လေးက လက်တွင် လက်အိတ်၀တ်ထားသဖြင့် လက်တိုနေသော အနွေးထည်မှ သက်ရောက်လာမည့် အအေးဒဏ်ကို  မသိသာစေတော့ပေ။



ထိုကောင်လေးမှာ အလျှင်လိုနေဟန်ဖြင့် စက်ဘီးကို အမြန်နင်းလာနေသောကြောင့် ဆောင်းလေအေးများက သူ၏ကိုယ်သို့ အရှိန်ဖြင့် တိုက်ခတ်လာလေသည်။



အရိုးခဲမတတ် အေးစိမ့်နေသော လေအေးများကြောင့် သူ၏ တစ်ကိုယ်လုံး တုန်ယင်သွားသော်လည်း စက်ဘီးအရှိန်ကို မလျှော့ရဲဘဲ ဆက်နင်းနေလေသည်။


𝔹𝕦𝕥𝕥𝕖𝕣𝕗𝕝𝕚𝕖𝕤 (ikeuhoon)Where stories live. Discover now