Take me HOME [Part 4 Final] Z

38 1 0
                                    

"အဲသည့်စားသောက်ဆိုင်က ညကျရင် ဂတ်စ်အိုးပေါက်ပြီး မီးလောင်မှာ။ အဲသည့်အခါကျရင် အထဲမှာ ရှိနေတဲ့လူတွေလည်း လွတ်နိုင်မှာမဟုတ်ဘူး။ အကယ်၍ အစ်ကိုသာသွားရင် ကျွန်တော် အစ်ကို့ကို ထပ်ပြီးဆုံးရှုံးရမှာဗျ"

"ငါ့ကို လွှတ်တော့။ မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို ဆက်ပြီး မကြားချင်တော့ဘူး"

"အစ်ကို ကျွန်တော့်ကို ယုံပါဗျာ။ ကျွန်တော် တကယ်ပြောနေတာ။ အရင်က အစ်ကိုနဲ့ ကျွန်တော်က ညီအစ်ကိုတွေမဟုတ်ဘူး။ ချစ်သူတွေ။ နောက်ပြီး အစ်ကိုအဖေ့ကြီးကလည်း ကျွန်တော့်ကိုဆို သိပ်မုန်းတာဗျ။ ဒါပေမယ့် အဲသည့်နေ့ ကျွန်တော် အစ်ကို့ကို ဆုံးရှုံးခဲ့ရပြီတော့ ကျွန်တော်ရုတ်တရက်ကြီး အိပ်ပျော်သွားသလို ခံစားလိုက်ရတာ ပြီးတော့ ကျွန်တော်ပြန်နိုးလာတော့..."

"ဟွမ်ဟျွန်းဂျင်း...တော်လိုက်တော့! မင်းက မင်းအပေါ် သိပ်ကောင်းပေးတဲ့ အဖေ့ကိုတောင် စော်စော်ကားကား ပြောလာခဲ့တာပဲ။ အခု လွှတ်တော့။ မင်းနဲ့ ပြောစရာ ဘာစကားမှမရှိတော့ဘူး။ အကယ်၍ ငါ အခုသွားလို့ သေရမယ်ဆိုရင်တောင် သေအောင်ပဲပြစ်ထားလိုက်။ အဲတာဆို မင်းနဲ့ငါ ဘယ်တော့မှ ပတ်သတ်ရတော့မှာမဟုတ်ဘူးလေ"

သူ့အား ပွေ့ပိုက်ထားတဲ့ ဟျွန်းဂျင်းရဲ့လက်တွေကို အားပါပါနဲ့ ဖြုတ်ချလိုက်ပြီး အခန်းထဲက ထွက်ခွာသွားခဲ့ပြီဖြစ်တယ်။

အားမလျှော့သေးတဲ့ ဟျွန်းဂျင်းကလည်း အနောက်ကနေလိုက်ပြီး တောင်းဆိုကြည့်ပါတယ်။

"အဲတာဆို အတူသွားကြမယ်။ ကျွန်တော်လည်း အစ်ကိုနဲ့ လိုက်မယ်။ သေမယ်ဆိုရင်လည်း အတူသေကြတာပေါ့။ ကျွန်တော့်အတွက် ဘာခက်တာမို့လို့"

"အရေးမပါတာတွေ မပြောနဲ့။ မင်းကို ဘယ်မှ ခေါ်မသွားနိုင်ဘူး။ အိမ်မှာပဲနေခဲ့"

မင်ဟိုက ကားတံခါးကိုဖွင့်ပြီး အထဲဝင်ဖို့ပြင်နေတုန်းမှာပဲ ဟျွန်းဂျင်းက သူ အသင့်ဆောင်ထားတဲ့ ဓားချွန်လေးနဲ့ မင်ဟို့ကားဘီးကို မသိမသာဖောက်လိုက်တယ်။ ကားစက်နှိုးပြီး မောင်းထွက်သွားတော့ အိမ်ရှေ့မရောက်လိုက်ခင်မှာပဲ ဖုန်းခနဲကားဘီးက ကွဲထွက်သွားလေရဲ့။

Take Me HOME Where stories live. Discover now