" လမ်းခွဲရအောင် ဟာအို "
နွေလည်ခေါင်တည့်တည့်မှာ ဟာအို့ခေါင်းပေါ်မိုးကြိုး
ပစ်ခံလိုက်ရသလိုပါပင် ။" ဒါက...ဒါကနောက်နေတာမလား ဟန်ဘင်း "
" ကိုယ့်မျက်နှာကနောက်နေတဲ့ပုံပေါ်နေလို့လား ဟာအို "
ကျန်းဟာအို သူ့ရှေ့ကဆောင်းဟန်ဘင်းကိုစိုက်ကြည့်မိသည် ။ တကယ်ကိုဆောင်းဟန်ဘင်းကစနောက်နေဟန်မရှိကာ ပုံမှန်ထက်ပင်ပိုလိုတည်ကြည်နေပါသည် ။
ဒါကအိမ်မက်မဟုတ်လား....တစ်ယောက်လောက်ပဲ
ကျေးဇူးပြုပြီး ဒီအိမ်မက်ထဲက ဟာအို့ကိုနှိုးပေးကြပါ ။" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဟန်ဘင်း...ဟန်ဘင်းက
ငါ့ကိုချစ်တယ်ဆို ဒီအတောအတွင်းငါ့ကိုဂရုစိုက်ခဲ့တာတွေက သက်သေပဲလေ မဟုတ်လား ဟန်ဘင်း စနေတာလို့ငါ့ကိုပြောစမ်းပါ "ဆောင်းဟန်ဘင်းက သက်ပြင်းတိုးတိုးချလေတယ် ။
ဒီအခြေအနေတွေကို ကြိုပြီးတွက်ဆထားဟန်
သက်ပြင်းကိုချလေတယ် ။ကျေးဇူးပြုပြီး ကျွန်တော်လဲအဲ့လေတွေနဲ့အတူ
အဝေးသို့လွင့်ကာပျောက်ကွယ်သွားချင်မိပါသည် ။" ဟာအို့ဘက်ကလက်ခံဖို့ခက်ခဲနေမယ်ဆိုတာ
ကျွန်တော်သိပါတယ် ။ ဒါပေမဲ့ကျေးဇူးပြုပြီး
ဒီလောက်နဲ့ပဲ ကျွန်တော်တို့ဇာတ်လမ်းကိုရပ်ရအောင်ပါ
ဘဝလမ်းခရီးမှာဆက်လျှောက်စရာတွေ အများကြီး
ကျန်သေးတာမလား ဟာအို ကျွန်တော့်ကိုမေ့ပြီး
ကျန်းမာရေးဂရုစိုက်ပါ "မကြိုက်ဘူး ကျန်းဟာအိုဟာ ဆောင်းဟန်ဘင်းပါးစပ်က
သူ့အပေါ်ထိုသို့ သူစိမ်းဆန်ဆန်အသုံးနှုန်းတွေကို
လုံးဝကိုမကြိုက်ဘူး ။" ငါကအဲ့လောက်တောင်မင်းအတွက်စွန့်ပစ်ဖို့
လွယ်ကူတာလား ဟန်ဘင်း "" ကျစ် "
ဆောင်းဟန်ဘင်းရဲ့ စိတ်ရှုပ်သွားဟန်မျက်နှာထားကြောင့်
ကျန်းဟာအိုရဲ့ရင်ဘတ်ထဲတွင်တင်းကျပ်သွားရသည် ။
ကြည့်ရတာဒီအတောအတွင်း ဟန်ဘင်းကသူနဲ့အတူရှိနေရတာတကယ်ကို သက်တောင့်သက်သာမဖြစ်ခဲ့ပုံပေါ်ပါ
သည် ။
YOU ARE READING
Out Of the Woods
FanfictionI remember thinking... Are we out of the woods yet ? Start date : 14.8.2023 End date :29.8.2023