အလွန်မှောင်မဲနေတဲ့မြင်ကွင်းတစ်ခု
သူခံစားလို့ရသမျှဟာဗလာချည်းသက်သက်
ခန္ဓာကိုယ်ကြီးတစ်ခုလုံးက လေပေါ်မှာလွင့်နေတယ်လို့
ခံစားနေရတဲ့ခံစားချက်က ဘာကြောင့်များလဲ ။သူဝေးဝေးကိုကြည့်လဲမမြင်ရ အနီးကိုကြည့်တော့လဲ
အမှောင်ထုသာ သူ့နားကြီးစိုးနေပြန်သည် ။
လက်တွေကိုယ်တွေကို လှုပ်ရှားသော်လည်း
သူဖမ်းဆုပ်လို့သမျှဟာ လေထုသာဖြစ်သည် ။" ဟာအို... "
ခပ်ဆွေးဆွေးခေါ်သံတစ်ခုဟာ သူ့နားစည်ကို
ဖြတ်တိုက်သွားသောအခါ နားထင်တစ်ခုလုံးက
နွေးထွေးသွားရသည် ။" ဟာအို ကိုယ့်ကိုကြည့်ပါဦး "
ပိုပြီးပြတ်သားလာတဲ့ မြင်ကွင်းတို့နှင့်အတူ
ထင်ရှားလာတဲ့ ဆောင်းဟန်ဘင်းအသံ" ဟန်ဘင်းမင်းဘယ်မှာလဲ "
သူကမေးသောအခါ ခပ်တိုးတိုးရယ်သံတစ်ခုကို
ကြားရသည် ။" ကိုယ့်ကိုဟာအိုမမြင်ရဘူးလေ ၊ ဘာလို့ဆိုကိုယ်တို့က
ဘဝတွေခြားသွားပြီ "ဟင် !
ဟန်ဘင်းကဘာကိုဆိုလိုတာလဲ ?
ဘဝခြားသွားတယ်ဆိုတာ ဘာကိုပြောချင်တာလဲ ?
သူခုဏလေးတင်ပဲ ဟန်ဘင်းအိမ်ရှေ့မှာ
ရှိနေခဲ့တာလေ ၊ ခုချက်ချင်းပဲ ဟန်ဘင်းက
မဖြစ်နိုင်တာ...." ဟန်ဘင်း ! မင်းဘယ်မှာလဲ မင်းငါ့နားမှာရှိနေတာကို
ငါသိတယ် ကျေးဇူးပြုပြီးငါ့မြင်ကွင်းရှေ့ကို
ပေါ်လာပေးပါ "ဟာအိုဟာ လေထုထဲမှာရုန်းကန်ရင်းဦးတည်ရာမဲ့
သူ့ခန္ဓာကိုယ်ကိုလှုပ်ရှားနေမိပင်မဲ့ ဘာတစ်ခုမှ
ထူးခြားမလာပါပေ ။" ဟာအို....သေချာမှတ်ထားနော် ၊ ဒီနေ့ကစပြီး
ဆောင်းဟန်ဘင်းဆိုတာ ဟာအို့ဘဝထဲမှာမရှိတော့ဘူး
ကျေးဇူးပြုပြီးဘဝကို ကောင်းကောင်းမွန်မွန်
ဖြတ်သန်းသွားပါ "တဖြည်းဖြည်းနဲ့ တိမ်မြုပ်ပျောက်ကွယ်လာတဲ့
အသံလေးလားရာကိုပဲ သူကဦးတည်လို့ရွေ့လျား
မိပေမဲ့ သူလုပ်သမျှအားလုံးကအချည်းနှီးသာသူ့ရဲ့လက်တွေကိုဆန့်တန်းလို့ ဟန်ဘင်းရှိရာကို
လက်လှမ်းမိပေမဲ့ သူတစ်လှမ်းရွေ့လျားလိုက်တိုင်း
ဟန်ဘင်းရဲ့ အသံဟာပိုလို့ပင်တိုးလျသွားပါ
သေး၏။
YOU ARE READING
Out Of the Woods
FanficI remember thinking... Are we out of the woods yet ? Start date : 14.8.2023 End date :29.8.2023