(2)U/Z

65 6 0
                                    

" ဟေ့ပေါ်ကြီးငါတို့လာတယ် "

ပေါ်​ကြီးတစ်ယောက်အဖေထန်းတောကိုယ်ကူညီလုပ်ပေးနေချိန်အသံဆာဆာနဲ့ဝင်လာတဲ့သူငယ်ချင်းနှစ်ယောက်ကြောင့်မျက်ခုံကိုအသာလေးပင့်တင်လိုက်တယ် ဘာတွေလာမွှေးအုံးမလဲမသိတာကြောင့်

" ဒီကောင်တွေဘာအလုပ်မှမရှိဘူးလားမသိဘူး "

" ဟေ့မင်းပြောတာငါအကုန်ကြားတယ်နော် "

" ဖြစ်ရမယ်တမင်ကြားအောင်ပဲပြောတာကိုယ် "

" နည်းနည်းပါးပါးမဟုတ်ကြောင်းပြန်ပြောတော့သေမှာမို့လို့လား "

" အဲ့တော့ဘာလဲငါကထိုင်ကန်တော့ရမှာလားပြော "

" ဟေ့ ဒီအတိုင်းတော့မရဘူးနော် အုန်းသီးငှက်ပျောသီးနဲ့မှရမှာ "

" သေလိုက်လေ "

" သေလိုရမလားငါမိန်းမတောင်မရသေးဘူး "

" အဲ့ဒါဆိုရင်တော့မင်းအခုသေလို့ရပြီ "

" ဘာလို့သေရမှာလဲငါက "

" ဘာလိုဆိုမင်းကိုယူမဲ့မိန်းမကမရှိတော့လို့ "

" ဒီဖေ "

" မင်းတို့နှစ်ယောက်ကိုက်လို့မပြီးသေးဘူးလား "

ဖြူဖွေးတစ်ယောက်စိတ်မရှည်တော့ပါ တကယ်ထဲ့မတွေ့ရတော့လဲမနေနိုင်တွေ့ပြန်ရင်လဲနှစ်ယောက်သားကိုက်နေကြတာ

" အကိုဖြူဖွေးဘာသိလို့လဲအဲ့ကောင်တောက်တတ်ကလာလာစနေတာ "

" မင်းထက်နှစ် နှစ်ပဲကြီးတဲ့ဖြူဖွေးကိုကြတော့အကိုတတ်ခေါ်တယ် "

" အဲ့တော့ဘာဖြစ်လဲမင်းကမ​ကျေနပ်ဘူးလား "

" အေးမ​ကျေနပ်ဘူးကွာ "

" မင်းကဘာဖြစ်ချင်လဲ "

" မင်းရော်ဘာဖြစ်ချင်လဲ "

" ဟာ တော်တော့လို့မင်းတို့နှစ်ယောက်လုံးကိုငါကိုက်လိိုက်ရမလား "

တကယ်လဲချတာမဟုတ်ပါပဲ တစ်ယောက်နဖူးတစ်ယောက်ကပ်ကာရန်ဖြစ်နေတဲ့ ထိုနှစ်ယောက်

" ကိုက်တော့မကိုက်ပါနဲ့ကွာ အေးဆေးနေဆိုလဲနေပါ့မယ်  အရေးကြုံလာရင် လက်နက်ထုတ်သုံးဆိုတဲ့အတိုင်း အားနေ ထကိုက်လိုက်ရမလားဆိုတာကြီးပဲ "

မျောက်လောင်းလေးများWhere stories live. Discover now