Part 17(U+Z)

279 43 4
                                    

"အမေဘာတွေလုပ်နေတာလဲ..ကျွန်တော်တကယ်ပဲလိုက်မမှီတော့ဘူး"

"ကျစ်!..နင်ဦးနှောက်မပါလို့ငါအခုလိုတွေလုပ်နေရတာလေ..နသ့်မီာသာဦးနှောက်ရှိခဲ့ရင်နင့်အဖေမှာအဲ့လိုမျိုးနောက်အိမ်ထောင်ကပေါ်လာစရာအကြောင်းမရှိဘူး"

"ဟာဗျာ..ကျွန်တော်နဲ့ဘာဆိုင်လို့လဲ"

"ဟင့်!..နင့်အဖေရဲ့နောက်အိမ်ထောင်ကဘာမဟုတ်တဲ့ကောင်လေ..နင့်အဖေကိုလည်းအံ့ဩပါရဲ့သားဖြစ်သူကမကြိုက်ခို့ပစ်ထားခဲ့တဲ့အမှိုက်ကိုမှကောက်သိမ်းရတယ်လို့"

"တော်တော့နော်အမေ"

"ဘာလဲ..နင်ကရော..အဲ့ဒီဘာမဟုတ်တဲ့ဟာလေးကိုထိလို့နာနေတာလား..အဖေရောသားရောဒီအချိုးပဲ"

"အမေမရှက်ဘူးလား.."

သားဖြစ်သူစီကထွက်လာတဲ့စကားသံကြောင့်သူမသားဖြစ်သူကိုဆေးရုံကုတင်ပေါ်ထိုင်နေရင်းကကြည့်လိုက်တော့..

"မရှက်ဘူးလားလို့.."

"ငါကဘာကိုရှက်ရမှာလဲ.."

"T.H.Vလုပ်ငန်းစုရဲ့ဥက္ကဌKim Taehyungက ကျွန်တော့်အဖေမှမဟုတ်တာ..ဘာလို့နင့်အဖေ နင်အဖေဆိုပြီးအချိန်တိုင်းပြောနေတာလဲ?"

"ဘာ.."

"အမေမရှက်ဘူဆိုရင်တောင်လိပ်ပြာလုံလို့လား..ဘယ်လိုပဲဖြစ်ဖြစ်ပါအမေ မရှက်ရင်တောင်သားရှက်တယ်..သူကသားအဖေလည်းမဟုတ်ပဲအနှစ်နှစ်ဆယ်ကျော်လုံးလုံးသူ့အိမ်မှာကပ်စားလာတာ..လိပ်ပြာလည်းမလုံဘူး..အဲ့တာကြောင့်အဖေလို့ခေါ်ချင်ရင်မခေါ်ဖြစ်အောင်ပဲနေတယ်.."

"တော်တော့.."

"အမေကအမှန်တရားကိုဘာလို့လက်မခံချင်တာလဲ..အမေ့ကိုအမေရောမေးဖူးလားဘာရည်ရွယ်ချက်နဲ့အခုလိုတွေလုပ်နေတာလဲဆိုပြီး..အမှန်တိုင်းပြောရရင်လေအဘိုသေတဲ့ကိစ္စက‌အမေနဲ့ဆက်စပ်နေတယ်လို့တော့ကျွန်တော်ထင်တယ်..‌အဲ့လိုမျိုးရွံစရာအလုပ်တွေကိုမလုပ်ပဲနေလို့မရဘူးလား..ကျွန်တော်ကိုယ့်အမေကိုပြန်မမုန်းချင်.."

ဖြန်း!

"နင့်ပါးစပ်ကိုပိတ်ထား..ငါလုပ်တာကိုနင်ဘာမှဝင်ပြောစရာမလိုဘူး..နင့်အလုပ်ကအေးအေးဆေးဆေးနေရုံပဲ..နင်ကkim taehyungနဲ့Inn boheeရဲ့သားပဲကျန်တာဘာမှတွေးမနေနဲ့..ငါတို့မိသားစုသုံးယောက်မကြာခင်အရင်လိုပြန်နေနိုင်တော့မှာ..အဲ့တာကိုမှတ်ထား"
.
.
လတ်ဆတ်တဲ့လေညှင်းတို့ကမွှေးကြိုင်တဲ့ပန်းရနံ့ကိုယူဆောင်လာသည်။ဖြာကျနေတဲ့ နေမင်းကြီးရဲ့အလင်းရောငါသိပ်လှလွန်းတယ်..ပန်းတွေကအစီအရီစိုက်ပျိုးထားတာမျိုးမဟုတ်ပဲပေါက်ချင်ရာပေါက်နေသည့်ဟန်..
ထိုစဉ်ရေကျသံကိုကြားလိုက်မိသည်မို့‌ကျောဘက်ကိုလှည့်ကြည့်လိုက်သည်။

Your Father Is Also My DaddyWhere stories live. Discover now