[Unicode]
နွေအလျှံ ထိန်ထိန်ညီးကြောင့် ပူပြင်းနေသော လေအဟုန်က မျက်နှာကို တိုးဝှေ့ထိခတ်တယ်။
လေနှင့်အတူ တလှပ်လှပ်လွင့်နေသော ပြတင်းပေါက်က လိုက်ကာစ။
ဘာမျှလုပ်မနေသည့်တိုင် နားသယ်စပ်က စီးကျလာသော ချွေးစက်တို့က လက်ခုံပေါ်သို့ ကျရောက်ထိမှန်သည်။
ခြောက်သွေ့ပူလောင် တိတ်ဆိတ်လွန်းလှသည့် အခန်းငယ်လေးထဲမှာ တစ်ခုထဲသော ပြတင်းပေါက်ကို ငေးမောရင်း ရပ်နေမိတယ်။
ဘေးနားက ပြာခွက်မှာတော့ မီးမသတ်ရသေးသော ဆေးလိပ်ငွေ့နှင့်အတူ။
စပ်ဖျင်းဖျင်း ခံစားချက်နှင့် ချွေးတို့ ဆို့နစ်ကာ စေးထန်းလှသော ခန္ဓာကိုယ်နှင့်အတူ လက်ထဲက အရာကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိတယ်။
ထို့နောက် အံကိုကြိတ်ကာ လက်ကို အသာပြန်ချမိတော့ အခန်းငယ်အတွင်းရှိ ထောင့်တနေရာက လှောင်ရယ်သံတို့ စွက်နေသော အသံတစ်သံထွက်ပေါ်လာခဲ့တယ်။
"မင်း မလုပ်ရဲဘူးမလား"
ထိုအရာအား မရှိသလို မျက်ကွယ်ပြုရင်း လက်က အားကို ဖြေလျော့လိုက်စဥ်မှာတော့
"ဟက်...သတ္တိမရှိတဲ့ကောင်"
ထိုအရာ၏ ခပ်ထေ့ထေ့ နှိမ်ပြောသံကြောင့် ခန္ဓာကိုယ်ရှိလည်ပတ်နေသော သွေးများဆူပွက်လာရပြီး နောက်တကြိမ် ထပ်မံပြီး လက်တို့ကို အားတင်း ဆုပ်ကိုင်လိုက်မိပြန်သည်။
ထိုအရာက ဤမျှပင်မရပ်သွား ဆက်လက်ပြောဆိုလာခဲ့တယ်။
"သတ်သေ ဖို့တော့ လုပ်ပြီး အသားနာမှာတော့ ကြောက်နေတယ်တဲ့လား...ဟား ဟား"
ရယ်သံအဆုံးမှာတော့ သူလဲ ဒေါသထွက်စွာဖြင့် အခန်းထောင့်ဘက် လှည့်ကာ အော်ဟစ်လိုက်၏။
"မဟုတ်ဘူး။ ငါမကြောက်ဘူး။
ဒီအတိုင်း....ဒီအတိုင်း ဘယ်နေရာကို ဆိုရင် ပိုပြီး မြန်မြန်ပြီးလောက်မလဲလို့ တွက်ချက်နေရုံတင်""ဟက်...ဒီမှာတွေ့လား။ ငါ့တုန်းကဆို တချက်ထဲ အပြီးပဲ"
ထိုအရာက လည်ပင်းရှိ နှစ်လက်မလောက် ဆုတ်ပြဲနေသော သွေးကြောကို ပြကာပြောလာခဲ့တယ်။
YOU ARE READING
DARK-PSYCHO-HORROR
Horror❌ ညအိပ်ခါနီး မဖတ်ရ❌ ❌ ကြောက်တတ်သူများမဖတ်ရ❌ ❌ ညအိပ္ခါနီး မဖတ္ရ❌ ❌ ေၾကာက္တတ္သူမ်ားမဖတ္ရ❌