PART-3

126 7 1
                                    

ဒယ်ဒီနဲ့ဖေ ကျနော့်ကိုလာမတွေ့တာကြာပီ...ကြီးကြီးပြောတာကတော့ အရေးကြီးတဲ့ကိစ္စတစ်ခုကြောင့် လတ်တလောကျနော့်ကိုလာမတွေ့နိုင်သေးဘူးတဲ့လေ...အဲ့တော့လဲ အခန်းအောင်းပီကိုယ်လုပ်တတ်တဲ့ ချည်ထိုးတာရယ်..ပန်းချီဆွဲတာရယ်ပဲ စိတ်အပန်းဖြေရမပေါ့...
မွေးကတည်းက အပေါင်းအသင်းမရှိ စာဆိုတာလဲ ဒယ်ဒီကိုယ်တိုင်သင်ပေးတာမို့.. ဘယ်မှလဲမထွက်ခဲ့ရဘူး...ဖေ့ သူများတွေလိုလျှောက်လည်ချင်တယ်...ကျောင်းမှာသူငယ်ချင်းအများကြီးနဲ့နေချင်တယ်လို့ပြောတော့ ဖေကပြောတယ်...အန္တရာယ်ရှိလို့ပါတဲ့..ဘာပြသနာမှန်းမသိရပေမယ့်..နေရာတနေရာမှာကျနော်တို့ကြာကြာမနေရဘူး...တခါတလေ ညသန်းခေါင်မှလဲအိမ်ပြောင်းရတယ်...ကျနော့်အသက်၃နှစ်မှာ​ကျနော့်အတွက်ဆိုပီး ဓာတ်ပုံ သူငယ်ချင်းလေးပေးတယ်..ဓာတ်ပုံထဲကလေးလေးက ချစ်စရာလေး... ဖေကပြောတယ်...အဲ့ဒါသားအတွက်ဖေ့ရဲ့လက်ဆောင်တဲ့..
အဲ့နှစ်ကစပီး နှစ်တနှစ်ရဲ့ဇူလိုင်လတိုင်း ဖေက ဓာတ်ပုံလေးတပုံယူယူလာတယ်...အပေါင်းအသင်းမရှိတဲ့ကျနော့်အဖို့ကတော့ ဖေယူလာတဲ့ဓာတ်ပုံလေးတွေက ကျနော့်ရဲ့အဖော်...ကျနော့်ရဲ့ရင်ဖွင့်ရာ..တနှစ်ထက်တနှစ် ပုံထဲက ကလေးလေးကချစ်စရာပိုကောင်းလာတယ်...အဲ့လိုနဲ့ နှစ်တနှစ်ရဲ့ဇူလိုင်လတိုင်း ပြောင်းလဲနေတဲ့ရုပ်ပုံလေးကိုမြင်ချင်ခဲ့တာ..
မှတ်မှတ်ရရ ကျနော့်အသက်၁၈နှစ်မှာ heatစဝင်တယ်...ပုံမှန်omegaတယောက်ကအသက်၁၄နှစ်ဆိုheatဝင်ပေမယ့်ကျနော်ကနောက်ကျတယ်...
ဖေကပြောတယ်...ကျနော်ကသိပ်လှတယ်တဲ့..ကျနော့မှာသူမတူတဲ့အဖြူရောင်ဆံပင်အရှည်ကြီးရှိတယ်...ပန်းရောင်သန်းနေတဲ့အသားအရေရှိတယ်...ပီးတော့ချိုအီနေတဲ့ သလဲသီးအနံ့ရှိတယ်...အဲ့လိုအကြောင်းတရားတွေကြောင့် ဖေက
ကျနေ့်ကိုအပြင်မလွှတ်တာပဲတဲ့...
heatဝင်ရင်mateမရှိတဲ့အခါpheromoneတွေအတွက် ဆေးကိုမှီဝဲသုံးစွဲရပါတယ်...mateမရှိတဲ့omegaအတွက်ကheatကာလကအရမ်းခက်ခဲပါတယ်...ဒါပေမယ့် ပြောရင်ယုံမလားမသိဘူး...ကျနော့်အတွက်heatက ဓာတ်ပုံထဲကလူ...သူ့အနံ့ဖြစ်တဲ့agarwoodစွဲနေတဲ့လက်ကိုင်ပုဝါတထည်ရယ်နဲ့heatကာလတွေကိုကျော်ဖြတ်ခဲ့တာ...ဓာတ်ပုံထဲကကောင်လေးကိုတွေ့ချင်လွန်းလို့ ဖေ့ကိုမရမကပူဆာဖူးတယ်..အဲ့တာနဲ့ဖေက လူတော့တွေ့လို့မရသေးဘူး..သူ့အစားသူ့အနံ့လေးတွေ သယ်ဆောင်ခဲ့ပေးမယ်တဲ့..အသက်တနှစ်ကြီးလာလေ ပုံထဲကကောင်လေးကိုတွေ့ချင်လာလေ.,ဘယ်သူမှမရှိတဲ့ဘဝမို့ ပုံထဲကကောင်လေးကိုစွဲလမ်းနေတာလားဆိုပီး ကိုယ့်ကိုဆန်းစစ်တော့... မဟုတ်ဘူး..ချစ်နေတာ ကျနော်...မြတ်မြတ်နိုးနိုးနဲ့ကိုချစ်နေတာ...
ကျနော့်ဘဝမှာ ဒယ်ဒီရယ်ဖေရယ်..ကြီးတင်ရယ်..ပုံထဲကကောင်လေးရယ်က အတွယ်တာရဆုံးပဲ..ကျနော်သိပ်ချစ်ရတဲ့ရပ်ဝန်းလေး..ရေကြည့်ရင်လက်တဖက်တောင်မပြည့်တဲ့မိသားစုဝင်လေးတွေ...ကျနော့်ရဲ့ခိုလှုံရာအသိုက်အမြုံလေး..သူတို့ရှိရင် ဘယ်သူမှမလိုသလို...ဘယ်အပေါင်းအသင်းမှလဲမလိုတော့ပါဘူး

You've reached the end of published parts.

⏰ Last updated: Aug 15, 2023 ⏰

Add this story to your Library to get notified about new parts!

Touch Me and Love MeWhere stories live. Discover now