PART- 23

776 50 1
                                    

မောင့်မိသားစုနဲ့ကျွန်မတွေ့ခဲ့ပြီး သူတို့ကကျွန်မမိဘတွေကိုပြောပေးမယ်ဟုဆိုသည်။ ကျွန်မတော့ မိဘတွေကလက်ခံမယ်မထင်ပါ သူတို့က LGBT ကိုထောက်ခံတဲ့အမျိုးတွေမှမဟုတ်တာ။

"မမရယ် ‌တွေးမနေပါနဲ့ Appa ကလိုက်ပြောပေးမယ်တဲ့"

ခုံပေါ်မှာထိုင်ပြီးမှိုင်နေတဲ့ကျွန်မကို မောင်ကနှစ်သိမ့်သလိုဆိုသည်။

"ဒါပေမဲ့ မမမိဘတွေက LGBT ကိုလက်ခံတဲ့လူတွေမှမဟုတ်တာ"

"စိတ်မပူပါနဲ့ ရအောင်ပြောပေးပါလိမ့်မယ်"

မောင်ကကျွန်မကိုရင်ခွင်ထဲထည့်ပြီးခပ်ဖွဖွနမ်းသည်။ အခုဆိုကျွန်မအိမ်မပြန်ရတာ2ပတ်ကျော်ပြီ။ ဂျွန်းဟိုလဲတစ်ဇွတ်ထိုးလုပ်ခဲ့တာအတွက် ကျွန်မကိုစာပို့ပြီးတောင်းပန်ခဲ့တယ်။

"မမ"

"ဟင်"

"မောင်တို့ တူတူခရီးတစ်ခုသွားကြမလား စိတ်ပင်ပန်းစရာတွေဖြေဖျောက်တဲ့အနေနဲ့"

"မောင်သွားချင်လို့လား ဘယ်သွားချင်လဲမောင်က"

"USA, Indiana ပြည်နယ်, Dewart Lake"

"အာ မှတ်မိတာပဲ"

"အင်း မမကအဲ့မှာအေးချမ်းတယ်ပြောလို့ tryကြည့်ကြမလား တစ်ခေါက်လောက်"

"အင်း သွားကြမလားမောင်"

ကျွန်မမောင့်ကိုပိုချွဲလိုက်သည်။ ရင်ခွင်ထဲပိုတိုးဝင်ပြီး မောင့်လည်ပင်းကိုဖက်ထားလိုက်သည်။

"သွားကြရအောင် မောင်ဒီကိစ္စတွေကိုရှင်းလင်းပြီးရင်သွားကြမယ်နော်"

ကျွန်မမောင့်ကိုပြုံးပြပြီး ခပ်ဖွဖွနမ်းလိုက်သည်။

"အာ ကပ်ချွဲနေတာပဲ မမကတော့"

"ဆိုတော့မချစ်ဘူးလား"

"ချစ်တာပေါ့ဗျာ မောင့်သဲသဲလေးကိုမချစ်လို့မောင်ကဘယ်သူ့ကိုသွားချစ်ရမှာလဲ"

"ဟမ်း မောင်လူဆိုး"

မောင်ကပြုံးသွားသည်။

"အာ ဒါနဲ့ အချစ်ကိုပေးဖို့ပစ္စည်းတစ်ခုရှိတယ်"

မောင်ကသူ့အိတ်ထဲကနေ ပစ္စည်းလေးတစ်ခုထုတ်လာသည်။ ဒါက......လက်စွပ်ဗူးနဲ့ ပြီးတော့မောင်ကဗူးကိုဖွင့်လိုက်သည်

ONE MORE TIMEWhere stories live. Discover now