အပိုင်း(၃)

2K 216 41
                                    

( UNICODE )

( အပိုင်းသုံး )

ပါ့ခ်ဂျီမင် သူ့ကို ရှောင်နေတယ်။ရက်တွေဆက်တဲ့အထိ အရှောင်ခံနေတာကမဟုတ်တော့ဘူး။ဒီရက်ထဲ ပါ့ခ်ဂျီမင်လုပ်ရပ်တွေနဲ့ပတ်သတ်ပြီး ခံရခက်တာတွေလည်း များနေပြီ။

နှစ်ယောက်တည်း တည့်(ဒဲ့)ရှင်းချင်းပေမယ့်
မိထွေးဆိုတဲ့မိန်းမကြီးက တကယ့်ပြသနာဖြစ်နေတာ။အဲ့မိန်းမက ကန့်လန့်တိုက်ဖို့ပဲသိတဲ့ ဂဏာန်းလိုပဲ။ဂျွန်ဂျောင်ကုနဲ့ထိပ်တိုက်ဆုံလာရင်ကန့်လန့်တိုက်ဖို့လောက်ပဲသိတာ။

ညက ဆိုင်ကယ်ကွင်းကပြန်လာကတည်းကအချိန်တော်တော်လင့်နေခဲ့ပြီ။မိုးလင်းခါနီးမှ
ပြန်ရောက်လာတာမို့ သူ ဒီတစ်နေ့လုံးအိပ်ပြီမှာ။မထချင်ဘူး ထဖို့လည်း စိတ်ကူးမရှိဘူး။အခုတောင် တစ်ရေးနိုးလာလို့ ရေသောက်ပြီးပြန်အိပ်ဦးမှာ။

အိပ်ရာတစ်ဖက်ခြမ်းဆီပစ်တင်ခဲ့တဲ့ဖုန်းကို
ယူကြည့်လိုက်တော့ (၃)နာရီပင်ခွဲနေချေပြီ။
ဒီအချိန်ဆိုတာ ပါ့ခ်ဂျီမင်ကျောင်းကပြန်လာနေကျအချိန်။ဖုန်းကိုပစ်ထုတ်လိုက်ပြီး သူချက်ချင်းပဲ ခုတင်ပေါ်ကနေဆင်းချသွားကာခြံထဲကိုလှမ်းလျှိုးနေလေသည်။

ညအိပ်ရင် အင်္ကျီဝတ်မအိပ်တတ်တဲ့အကျင့်လေးကြောင့် စွဲစွဲမြဲမြဲPajamaဘောင်းဘီတစ်ထည်တည်းသာသူ့ကိုယ်ပဲ ကပ်နေလိမ့်မည်။
ခါးကြီးထောက်ထားကာရေသောက်နေလျက်ပဲပါ့ခ်ဂျီမင်ပြန်အလာကိုစောင့်ကြည့်နေခဲ့၏။
ဇွဲသိပ်ကောင်းလိုက်ပုံများ...။

Pajama shortတစ်ထည်တည်းကိုယ်မှာ
ကပ်နေရုံကလွဲရင် အပေါ်တစ်ပိုင်းလုံးကတော့ဗလာကျင်းနှင့် တက်တူးတွေဆိုတာလည်းခန္ဓာကိုယ်အနှံ့ဟိုတစ်ကွက်သည်တစ်ကွက်နဲ့ဒီလိုရုပ်ပျက်မှုတွေဟာ ဂျွန်နဲ့မှလိုက်ဖက်တအားကိုလွန်းနေတာ။

သိပ်မကြာလိုက်ပါ ပါ့ခ်ဂျီမင်ရဲ့ကားလေးသည်ခြံထဲထိုးဝင်လာတာကိုမြင်လိုက်တယ်ဆိုရုံနဲ့ သူဒီပုံစံကြီးအတိုင်းပဲ ပါ့ခ်ဂျီမင်ရှိရာကိုသွားဖို့လုပ်တော့သည်။ဒီလိုပုံနဲ့အလောတကြီးပြေးဆင်းလာတာကိုမြင်လိုက်ရသူတွေအဖို့ ရှက်ရွံစွာခေါင်းငုံချသွားပြီးမျက်နှာတွေစပျက်နေကြပြီလေ။

My Park Filter (Completed)Where stories live. Discover now