Intro

606 110 5
                                    

Unicode

ကမ်းခြေမှာ နှင်းစက်လေးတွေကျလာတဲ့အခါ
မြောက်ဝန်ရိုးစွန်းက အော်ရိုရာအလင်းတန်းတွေအောက် ချစ်သူ့နှုတ်ခမ်းလေးကို နမ်းချင်တယ်။
ဘုရင်ကို အပြစ်သားကချစ်မိတဲ့အတွက်
ဒဏ်ခတ်တဲ့အခါ မင်းပုံရိပ်တွေထင်ဟပ်နေတဲ့
ကိုယ့်မျက်လုံးတွေကိုတော့ ချန်ထားပေးပါ ။

Jeon

###

ပင်လယ်လှိုင်းသံဟာနားထဲခပ်စိမ့်စိမ့်။
ဆားနံ့ခပ်သင်းသင်းကပ်ပါလာသည့်လေဟာ
မျက်နှာနုနုရဲရဲလေးပေါ်ကို ပါးလျှပ်ပြေးလွှား
နေသည်။
အညိုရောင်ဆံနွယ်အိအိလေးတွေဟာလေအဝှေ့မှာ
စီးချက်ညီညီကိုကခုန်နေတာ။

သဲတွေအလူးလူးဖြင့် တရစပ်ပြေးနေသည်
ခြေဖဝါးလေးတွေကို သူဟာ ဂရုတစိုက်လိုက်ဖမ်း
နေရသည်။ ခရုခွံလေးတွေပေါ်လည်ရပြေးတယ်။
လိုက်ဖမ်းလို့မရအောင်ကို ပြေးနေတာ ။

တခစ်ခစ်ရယ်သံဟာနားထဲကို ပျားရည်းလောင်းထည့်လိုက်သလိူမျိူး။ ဒီရယ်သံကိုပဲ ငယ်ငယ်လေးတည်းကကြားချင်မိခဲ့တာ။

ကမ်းစပ်ကိုဖြေးဖြေးချင်းရောက်သွားသည့်ခြေလှမ်း
တွေ။

အဖြူရောင်လွလွဝတ်စုံပေါ်ကိုရေတွေစင်လာတော့
ဘုရင့်အလောင်းအလျာမှာ ပင့်သက်ကိုမနည်း
ရှိုက်ထားရသည်။

" ဖျားတော့မှာပဲ ထယ်ယောင်း "

မျက်စောင်းလေးဟာခပ်စူးစူး။

"အဲ့တာဆိုရေဆော့မယ်ပြောတည်းက
မလိုက်ခဲ့နဲ့ပေါ့ "

သူ့အသံခပ်ဩဩက အခုတစ်ခါမှာစွာနေသည်။
သို့သော် ပျားရည်လိုပဲ။ ထာဝရပျားရည်လိုဖြစ်
နေတာ။
သူက ဘုရင်ဖြစ်လာမယ့်သူကိုတောင်မကြောက်တာ။

" နေ့တိုင်းနီးပါးလာနေတာပဲ ကမ်းခြေကို
မင်းမို့မရိူးတယ်"

ကျတော့်ကို ရှိသမျှရေတွေ လက်ခုပ်ထဲမှာအပြည့်
ထည့်ကာတရစပ် ပက်တော့သည်။
ပိစိကောင်ကို မစရရင်ကိုမနေနိုင်တာ။

Footsteps on the beach Where stories live. Discover now