အမျိုးသား

3K 276 25
                                    

ရှောင်းကျန့်နဲ့ သူ့အမျိုးသား အိမ်ထောင်ကျတာ ၃ လ ကျော်ပြီ။ သူ သူ့အမျိုးသားကို လက်ထပ်မှတ်ပုံတင်တဲ့နေ့က တခါပဲ တွေ့လိုက်ရပြီး နောက်ထပ် ထပ်မတွေ့ရတော့ဘူး။

သူ့အမျိုးသားက စစ်သားတယောက်။ ပြီးတော့ တာဝန်တွေ ထမ်းဆောင်နေရတယ်ဆိုတာကိုပဲ သူသိတယ်။ လက်ထပ်ပြီးတဲ့ ဒုတိယနေ့မှာပဲ သူ့အမျိုးသားက ထွက်ခွာသွားခဲ့တယ်။

သူ့အမျိုးသားက ချောလောက်မှာတော့ အသေအချာပဲ။ ဒါပေမဲ့ အဲ့ဒီနေ့ သူတို့ တွေ့တုန်းက ရှောင်းကျန့်မှာ မိဘတွေရဲ့ အလောတကြီး လုပ်မှုကြောင့် မျက်မှန်တပ်မလာဖြစ်တာမို့ သူ့အမျိုးသားဟာ အရပ်ရှည်ပြီး စကားနည်းတယ်ဆိုတာကိုပဲ ဝေဝေဝါးဝါး မှတ်မိတယ်။

ရှောင်းကျန့်ဟာ နေ့တိုင်း တယောက်တည်း အလုပ်သွားရပြီး နေ့တိုင်း တယောက်တည်း စားရတယ်။ တခါတလေကျရင်တော့ ဝရန်တာက ကလစ်ဗီးယားပန်းအိုးကို ကြောင်ငေးငေးလေး ကြည့်နေတတ်တယ်။

သူ့စိတ်ထဲ အရမ်းထူးဆန်းနေသလိုပဲ။ တကယ်ဆို သူ ဒီပန်းပင်ကို နေ့တိုင်း ရေလောင်းဖို့ မေ့နေတတ်ပေမဲ့ ပန်းပင်ကတော့ ကောင်းကောင်းကြီးကို ရှင်သန်နေတယ်။

ထိုပန်းပင်ကို ကော်ဖီရောင်ပန်းအိုးပုလေးထဲမှာ ထည့်စိုက်ထားတာဖြစ်ပြီး ပန်းပွင့်တွေက အလယ်ကနေ ထိုးထွက်ပွင့်နေတယ်။ ရှောင်းကျန့် ရှေ့ကို တိုးလို့ နီးနီးကပ်ကပ် ကြည့်လိုက်တယ်။ ပန်းပွင့်ဖတ်တွေက အရမ်းလှပြီး အတွင်းထဲက  ဝတ်ဆံတွေက အရမ်းကို ကြည့်ကောင်းနေတယ်။ ပန်းပွင့်တွေဟာ မုန်လာဥနီအရောင်ဖြစ်တယ်။

သူ ဖုန်းကို ထုတ်လို့ ပန်းကို ဓါတ်ပုံရိုက်လိုက်တယ်။ အဲ့ဒီနောက် အကျင့်ပါနေသလိုမျိုး သူ့အမျိုးသားရဲ့ မက်ဆေ့ချ်ချက်ဘောက်စ်ကို ဖွင့်လိုက်တယ်။ ဒါပေမဲ့ ဘာစာမှ ရေးမထားတာကို တွေ့လိုက်ရတယ်။

ဒါကြီးက အရမ်းကြောင်တောင်တောင် နိုင်မနေဘူးလား? ဘာစကားမှ ပြောမထားဘဲနဲ့လေ။

လက်ထပ်မှတ်ပုံတင်တဲ့နေ့က လွဲရင်ပေါ့။

အမျိုးသားဟာ လေပြေသွဲ့သွဲ့ကြားမှာ မတ်တပ်ရပ်နေခဲ့တယ်။ အစိမ်းပုပ်ရောင် စစ်ယူနီဖောင်းကို ဝတ်ဆင်ထားပြီး ပခုံးပေါ်က တံဆိပ်တွေဟာ နေရောင်အောက်မှာ လင်းလက်နေခဲ့တယ်။ အရပ်ရှည်ပြီး တောင့်တောင့်ဖြောင့်ဖြောင့် ခန္ဓာကိုယ်က ထင်းရှူးပင်တပင်လိုပဲ။

အမျိုးသား | Don't Forget That I Love You Where stories live. Discover now