Part-2

769 27 0
                                    

At 7:00am >
-ချယ်ရီ ခွင့်ယူခဲ့တယ်မလား

-ဟုတ်အကို ခွင့်၅ရက်တောင်ယူထားတယ်
ကလေးလေးနဲ့လည်းရင်းနှီးအောင်နေချင်လို့လေ😁

-ဟုတ်ပါဘီဗျာ၊ဒါနဲ့အဖေနဲ့အမေကောမနက်ကတည်းကမတွေ့မိဘူး

-ဘုရားသွားတယ် ရောက်လာမယ့်မြေးမလေးကိုနာမည်ပေးဖို့တဲ့လေ ဗေဒင်ဆရာဆီသွားမေးပီး ယတျာချေမလို့တဲ့

-သြော် အင်းပါသွားကြရအောင် အကိုအားလုံးစီစဥ်ပီးဘီ အမွေစားအမွေခံလုပ်ဖို့ရှေ့နေလည်းခေါ်ထားတယ်

-ချယ်ရီ ကရင်ခုန်နေဘီ😁😁 အဆင်ပြေမှာပါနော်အကို့

-ပြေမှာပါကွာ ချယ်ရီကသမီးလေးမွေးစားမယ်ဆိုလို့အကိုအကုန်ပြောထားပီးဘီ
သွားကြမယ် လာ

*မေမေ့ရင်ခွင် မိဘမဲ့ဂေဟာ*

ဂေဟာမှူး
-ဟာ လာကြပြီလား၊ကျွန်တော်ကနောက်ကျမယ်တောင်ထင်နေတာ ဟားဟား

ဇနီးကမနက်အစောကြီးကတည်းကလာချင်နေတာ ဂေဟာမှူးကိုအားနာလို့အချိန်ဆွဲထားရတာဗျ ရယ်ရင်းပြန်ပြောလိုက်သည်

ချယ်ရီ-😊😊

-ကလေးတေကမနက်စာစားပီးကြပြီလေ
သွားကြည့်ကြမလား

-ကလေးများရှိရာသို့သွားကြစဥ် ချယ်ရီ ခရေပင်အောက်၌ပန်းသီနေသောခလေးမလေးအားတွေ့ကာ အေးချမ်းနေတာပဲဟုခံစားမိ၍ချစ်စရာကောင်းလိုက်တာဟုအသံထွက်လိုက်မိ၏။

-ချယ်ရီ ကြည့်နေသည့်နေရာအားကြည့်မိရာ
ချယ်ရီအဲ့ကလေးမလေးက နည်းနည်းကြီးနေဘီလေ သဘောကျလို့လား

-ဟင်  ...အင်းသဘောကျတယ်စကားသွားပြောကြည့်လိုက်မယ် ခန အကိုဟုဆိုကာကလေးမလေးဆီသို့ လျှောက်လာခဲ့မိသည်

-သမီးအန်တီ့ကိုပန်းလေးတစ်ကုံးလောက်ပေးမလား☺

-ပန်ပေးရမလားဟင် ဟုသွားတန်းလေးများပေါ်အောင်ရယ်ပြကာပြန်ဖြေလိုက်သဖြင့်
အသည်းယားနေမိ၏။
သမီးအသက်ဘယ်လောက်ရှိဘီလဲဟုမေးလိုက်တော့ ၈နှစ်အန်တီတဲ့
အစက၁နှစ်အရွယ်လေးမွေးစားမယ်တ်ိုင်ပင်ထားကြပေမယ့် ဒီသမီးလေးကိုသံယောဇဥ်ဖြစ်မိနေပြီလေ

နေချင်တာမင်းအနားWhere stories live. Discover now