"Ahh!...it hurts"

1.2K 70 12
                                    

"Mr.Zi...wake up! wake up!..."

"~~~~~~~~"

"Zi Tao wake up!!!"

"~~~~~~~~"

"ဟဲ့ ကောင်လေးး...ထတော့လို့ပြောနေတာ
ကို...!!"

Mamaရဲ့လက်ဝါး သူ့တင်ပါးပေါ်ကျမလာခင်
Taoတစ်ယောက် မျက်လုံးမှိတ်လျက်သားနှင့်
အိပ်ယာပေါ်မှ လူးလဲထလိုက်၏။မျက်လုံးက
သာမပွင့်တာ လက်တွေကတော့ သူ့Mama
၏ တရုတ်အတွင်းအားလက်ဝါးကို ကာကွယ်
ဖို့ သူ့ဖင်ကိုreadyအုပ်ထားပြီးသား။အထက်
တန်းပထမနှစ်သာရောက်နေပေမဲ့Mamaက
တော့ သူ့ကိုကြံသလိုဆော်နေတုန်းးးး။
သူမကြိုက်တဲ့အထဲမှာ အဲဒါလည်းတစ်ခုအပါ
အဝင်ပဲ။

"အဲဒါပြောတာပဲ...နင်တို့က...ညဆိုရင်စော
စောမအိပ်ဘူးးး...မဟုတ်မဟတ် vampire
တို့လို nonsense moviesတွေကို သန်းခေါင်
သနွှဲထိုင်ကြည့်......မနက်ကျရင်က မထချင်
အဲ့ဒီတော့ငါကနှိုးရ...နှိုးတော့လည်းမထ...
မထလို့ရိုက်ပြန်တော့လည်း မကြိုက်...
မကြိုက်ဘူးဆိုလည်း...ကိုယ့်အချိုးတွေကို
ပြင်ပါလားးး"

"အာာာ......Mamaရာ တော်ပါတော့..."

Taoတစ်ယောက် နားနှစ်ဖက်ကို ဖိပိတ်ကာ
သူ့Mamaနှင့်ကင်းလွှတ်ရာ bathroomထဲ
ပြေးဝင်လိုက်တော့သည်။Lady talkingဟု
Ge Geနှင့်သူ nick nameပေးထားသော
Mamaကတော့ ကရားရေလွှတ်
တတွတ်တွတ် ပြောရင်းကျန်နေခဲ့၏။အခုတော့
Xing Ge GeကPa Paနဲ့အတူ Beijing
ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတာမို့Lady
talking၏ဒဏ်ကို Qingdaoကျန်နေခဲ့သော
Taoပဲ တစ်ဝကြီး ခါးစည်းခံနေရတော့သည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"Mr.Zi...white boardပေါ်မှာ Mama
အသစ်ရေးထားပြီးပြီ......ပြီးစလွယ်ဖတ်မသွား
နဲ့နော်...ခေါင်းထဲစွဲနေအောင်မှတ်သွားးး"

"အင်းပါဗျာ...Mamaကလဲ..."

Taoတစ်ယောက် ကျောပိုးအိတ်ကိုပခုံးမှာချိတ်
လိုက်ရင်းးparlourနှင့်kitchenကြားကနံရံ
ပေါ်တွင်ချိတ်ထားသော white boardဆီ
စိတ်မပါ့တပါလျှောက်သွားလိုက်၏။ထို့နောက်
white boardပေါ်မှ စာကြောင်းအသစ်ကို
စိတ်ပျက်စွာကြည့်လိုက်ပြီး ညောင်နာနာဖြင့်
အသံထွက်ဖတ်လိုက်ရသည်။

"Kindness is a human quality which
everyone admires"
(လူတစ်ယောက်တွင် ကရုဏာရှိခြင်းသည်
လူတိုင်းမြတ်နိုးသည့် ကြန်အင်လက္ခာဏာ
တစ်ရပ်ဖြစ်သည်။)

Ah!...it hurtsWhere stories live. Discover now