အထက်တန်းနောက်ဆုံးနှစ်မှ စာတော်၍ ရုပ်ရည်ချောမောသောTaoတို့seniorချော
Yi Fan Ge.အတိအကျပြောရမည်ဆိုလျှင်
Taoတိတ်တိတ်လေးcrushနေရသူ။
အရင်တုန်းကစောင့်မျှော်နေခဲ့ရတဲ့နှစ်ယောက်
ထဲတွေ့ဆုံခွင့်ကြီးက ခုလိုချိန်ကျမှ ဒီလိုပုံစံ
ကြီးနှင့် တိုက်တိုက်ဆိုင်ဆိုင်။သောက်တလွဲ
ကောင်းနေသောကိုယ့်ကံကို Taoစိတ်ထဲမှ
အထပ်ထပ်ကျိန်ဆဲနေမိကာ လူလည်းရှက်
လွန်း၍နေစရာပင်မရှိတော့။crushရှေ့မှာမှ
အရှက်တကွဲအကျိုးနဲနေရသော ကိုယ့်အဖြစ်ကို
သိမ်ငယ်သွားရကာ ဝမ်းနည်းစိတ်တို့ကပိုပိုပြီး
တိုးလာခဲ့လျက်။အခြေအနေအရပ်ရပ်ကိုသဘောပေါက်သွား
သောYi Fanကတော့ Taoကိုမေးမြန်းမနေ
တော့ပဲကျောင်းနံရံကို ပတ်သွယ်ထားသော
ပိုက်လိုင်းပေါ်သို့ ခဲရာခဲဆစ်တွယ်တက်လိုက်
သည်။ပိုင်လိုင်းကကျောင်းဆောက်အဦးကနေ
ဟိုဘက်ကရေစင်ကို အောက်ကနေမသွယ်
ဘဲအပေါ်ဘက်ကနေ အရှည်လိုက်ကြီးပြန်
သွယ်ထားတာမို့ ပိုက်လိုင်းရဲ့အလယ်လောက်
မှာချိတ်တင်နေတဲ့uniformကို အမြင့်ကြောက်
တတ်တဲ့Taoတက်မယူရဲတာမဆန်းပါ။Taoရဲ့uniformလေးကို ခက်ခက်ခဲခဲဖြုတ်
ချပေးလိုက်ပြီးYi Fanတစ်ယောက် ကပ်သီး
ကပ်သပ်တွယ်ချိတ်ကာ ပြန်ဆင်းလာရသည်။
ထို့နောက်ရှက်ရွှံ့အားငယ်မှုတို့ကြောင့်
နီရဲနေသောTaoရဲ့မျက်နှာလေးကို တစ်ချက်
ပဲကြည့်ပြီး အလိုက်တသိထွက်ခွာသွားတော့
၏။>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
Taoမှာအိမ်သို့ ဘယ်လိုပြန်ရောက်လာခဲ့မှန်း
ပင်မသိပဲ အိမ်ရောက်တာနှင့်အခန်းထဲတန်း
ဝင်နေလိုက်သည်။တစ်ကိုယ်လုံး ရှက်ရွှံ့အားငယ်မှု ကြောင်ရွံ့မှုတို့ဖြင့်
ပြည့်လွှမ်းနေကာ ထပ်မငိုမိအောင်
တော်တော်ထိန်းချုပ်နေရသည်။ငိုသံကိုသာ
Mamaကြားလျှင်သေချာပေါက်မေးလာ
တော့မည့်မေးခွန်းအတွက်သူ့မှာအဖြေမရှိ။
အဖြေမရှိဆိုတာထက် မဖြေချင်တာကပိုမှန်
မည်။ယောကျာင်္းလေးအချင်းချင်းအနိုင်ကျင့်
ခံရတဲ့ပြဿနာအားMamaကို
ပြောပြရမှာသူရှက်သည်။"Zi Tao!!……ဟိုဘက်လမ်းထိပ်ကိုသွား
ပြီး ကော်ဖီကြမ်းတစ်အိတ်သွားဝယ်ပေးစမ်း
…နေ့လည်ကMamaဝယ်ဖို့မေ့နေခဲ့လို့…"

YOU ARE READING
Ah!...it hurts
AcakFic-One Shot Main Cast-Tao Plot summary-About the teenager who tried to commit self-murder because of the bad feeling of his.