နေမင်းကြီးသည် လှပသေသပ်စွာ လမင်းကြီးအား ဝါးမျို၍ နေ့သစ်တစ်ခုအစပျိုးလေသည်။ လတ်နောင်တစ်ယောက် အိပ်မောကျနေခြင်းကို နှောင့်ယှက်သည့် နှိုးစက်နာရီမှ အချက်ပေးသံ ကျယ်လောင်စွာပေါ်ထွက်လာသည်။
"အား shit! စိတ်မပါလက်မပါနဲ့ အလုပ်သွားရအုံးမယ်ကွာ"
လတ်နောင် စိတ်ပျက်ကာပြောရင်း အိပ်ယာမှအလူးအလဲ ထကာ ရေချိုးပြင်ဆင် ၍ ကား မှတ်တိုင်သို့ထွက်လာခဲ့လေသည်။
စိတ်ပျက်လက်ပျက်နဲ့အလုပ်မသွားချင်သည့် လတ်နောင် အတွက်တော့ ခြေလှမ်းတွေလေးကန်နေခြင်းကို လျင်မြန်စေသည့် နတ်သမီးတစ်ပါး လတ်နောင်ရှေ့တွင် ပေါ်လာသည်။
"ကတောက်စ် လှရက်လေခြင်း အနောက်ကကြည့်နေတာတောင် တော်တော်အဆင်ပြေနေရင် ရှေ့ကနေမျက်နှာလေးကြည့်ပြီး ငါ့ဘ၀အတွက် လမ်းခင်းမှပဲ"
လတ်နောင်ရေရွတ်လိုက်ရင်း အသဲသန်လိုက်လေသည်။
လတ်နောင်ပြောလဲပြောချင်စရာ ကောင်မလေးမှာ
အိုးကတောင့် အရပ်ကရှည် စကတ်အတိုလေးမှာ အတွင်းခံအရာလေးကထင်းလို့"ဟာ မေသက် မင်း မင်း မေသက်ဟုတ်တယ်မလား"
"ဟယ် လတ်နောင် !"
မေသက်ဆိုသည်မှာ လတ်နောင်၏ အချစ်ဦး လတ်နောင်ကြိတ် ကြွေနေသည့် အတန်းဖော်ပင်ဖြစ်သည်။
"မေသက်ရယ် ကျောင်းပြီးကတည်းက မင်းကိုမတွေ့ရတော့တာ ကြာပြီ အရင်ကထက် ပိုလှပြီး ပိုတောင့် ပိုကိတ် အဲလေ ပိုမိုက်လာတယ်နော်"
"လတ်နောင် ရယ် အပိုတွေပြောမနေပါနဲ့ ပိုကိတ်လာတာတော့မှန်ပေမဲ့ နင်ပြောသလောက်လဲ မဟုတ်သေးပါဘူး ဟင်းဟင်း"
"ငါလေ မင်းကို တစ်ရက်မှ မေ့မရဘူး အခုလိုပြန်တွေ့ရတော့ ၀မ်းသာလိုက်တာ မင်းအိမ်ထောင်တွေဘာတွေကော ကျပြီလား အခုဘယ်မှာနေလဲ ဘာတွေလုပ်နေလဲ"