🍓1🍓

524 55 2
                                    

အေးမြ လန်းဆန်းမှုနဲ့အတူ တောင်ပေါ်နယ်မြို့လေးဟာ တိတ်တဆိတ် သာယာလို့နေသည် မြို့ကြီးပြကြီး မဟုတ်သော်ငြားလည်း နယ်မြို့ဖြစ်သည့်အားလျော်စွာ မည်သည့်ပစ္စည်းမဆိုပြည့်ပြည့်စုံစုံရှိရှာသည်။ သို့သော် လူငယ်လေးတစ်ဦးမှာတော့
မပြည့်စုံခြင်းများစွာဖြင့်

"သားဂျင် ထတော့လေ ကျောင်းနောက်ကျနေမယ် ငါ့သားရဲ့"

"မေမေကလဲ မထချင်ပါဘူး ခနလေးပေးအိပ်နော်"

"အို အိမ်တော်ထိန်းလီ ဘာကိစ္စရှိလို့ပါလည်း"

မေမေဆီမှ အပြင်သို့ပြောဟန်ရှိသောစကားကြောင့်
အိပ်ယာမှကပြာကယာထလိုက်ရင်ဘဲ

"ဟာ မေမေ က ဗျာ သား အိမ်ထိန်းလီ တကယ်လာတာလားလို့ မေမေ မကောင်းဘူး"

မေမေ သူ့အားနည်းချက်ကို သိသည်။ ဆူပုတ်ပုတ်ဖြင့် မျက်နှာသစ်ရန်သွားနေသော လှုပ်စိလှုပ်စိလေအားကြည့်နေရရုံဖြင့် မေမေ ၏အမောတို့ပြေလေသည်။
ဖခင် မရှိရှာဘဲကြီးပြင်းလာရသည်မို့ အနေဆင်းရဲပေမင့် စိတ်ပျော်အောင်ထားပေးရှာသည် ။အခုမာလည်း စာမေးပွဲကြောင့်သာ ဉာဏ်ဆင်၍နိူးခဲ့ရခြင်း။

*မေမေ ဘာမှန်းကို မသိဘူး ပုံမှန်နိူးလဲ ရတာကို
အန်တီလီ ဆိုတာကြီးနဲ့ဘဲ လာလာ ခြောက်နေတယ်*

သူ ကြောက်သည် ။ အန်တီလီ ဆိုတဲ့ အိမ်ထိန်းလီ က သူတို့ နေထိုင်ရာ စိုက်ခင်း ပိုင်ရှင်၏ လူယုံဖြစ်သည် မေမေ နှင့်အတော် ရင်းနှီးသလောက်
သူ့ ဆိုလျင် အန်တီလီ ကကြည့်မရပါ အမြဲ ဆူပူကြိမ်းမောင်းနေတတ်သည် ။ သို့သော် သူ့အကူညီကြောင့် အလုပ်တန်းယား မှာ နေခွင့်ရခြင်းဖြစ်၍
ထိုကျေးဇူးတော့ မမေ့ပါ။

"သား ဂျင် ရေ ဆော့ဂျင် ရေ မပြီးသေးဘူးလား
ဟင် နောက်ကျတော့မာပဲ သွား မြန်မြန် အ၀တ်စားလဲ မေမေ မနက်စာပြင်ထားမယ်"

မေမေတို့ကသာ ငလော ဖြစ်ရင်ဖြစ်မယ်
ကင်ဆော့ဂျင် တို့ကတော့ ငအေးငဆေးပဲ ဟေ့

"ဟော သားဂျင် မြန်မြန် လုပ်ဟဲ့ အထက်တန်း
နောက်ဆုံးစာမေးပွဲ နော်ပြောင်ချော်ချော်လုပ်မနေနဲ့ "

အာဂျောရှီး ဂျွန်🤎Where stories live. Discover now