ညနေဟာတိတ်ဆိတ်ငြိမ်သက်နေသည် ရင်ထဲမှ အပူတွေမှာမီးစသဖွယ် တဟုန်းထိုးတောက်လောင်နေသည် ထိုကိစ္စကြောင့်ပင် မနက်ခင်းက မူးမေ့လဲခဲ့ရသည် အခုလည်း ထပ်မန်တွေးတေားရင်း ရင်ထဲမှာ ပူလောင်လာရသည်
*ဘယ်လိုကြောင့်များ ငါ့မိသားစုမှာမ့ အရှုပ်အထွေးတွေများရတာလည်း*
Parkမျိုးဆက်ဖြစ်သူထဲမှာအကြီးဆုံးဖြစ်သည့်
ပတ်ခ်ဂါဟီး ဖြစ်သူသည် သူမ ညီမ ပတ်ခ်ဒါဟီး
ကိုအလွန် အင်မတန်ပင် ချစ်မြတ်နိုးသည် မိခင်သဖွယ်ပင်ဖြစ်သည် အသက်၇၀ကျော် သူမကို
ညီမဖြစ်သူကလည်း အမေ အရင်းပမာ လေးစားချစ်ခင်သည် အရာရာတိုင်ပင်သည် ။ ညီမဖြစ်သူမှာဆိုလ်း မြို့မှ လူချမ်းသာတစ်ဦးနှင့် လက်ထပ်ပြီး အနေဝေးခဲ့ကြပေမင့် အဆက်အသွယ် မပြတ်ရှိကြလေသည်။ ညီမ ၏သားဖြစ်သူ တူတော်မောင်
မွေး ထားသည့် Park jimin သည် သူမ့၏ အချစ်ရဆုံးသော မြေးဦးလေးဖြစ်သည် ထိုကလေးမှာ အရွယ်ရောက်၍ လက်ထပ်ချိန်တွင်လက်ထပ်ပေးခဲ့ကြသည်။ နှစ်ဖက်အသိုင်းအ၀ိုင်း တို့သည် ကြီးကျယ်ခမ်းနားသော အမျိုးအနွယ် များမှဖြစ်သဖြင့် လက်ထပ်ပွဲသည်အတော်ပင် စည်ကားခဲ့သည် ။ထိုသို့ခမ်းနားစွာတည်ဆောက်ပေးခဲ့ကြသော
အိမ်ထောင်ရေးသည် ယခု ၃နှစ်တိုက်တိုင်ပြည့်လုနီး
ကလေးတစ်ယောက်မွေးပြီးခါမှ ပြိုပျက်ရတော့မည်တဲ့လား"အိမ်ထိန်း ယွန်းရေ ခနခဲ့လာဦး "
အိမ်ကြီးရှင်အဖွားအိုကြီးသည်နှစ်ထပ်မြောက်ဧည့်ခန်းတစ်နေရာမှလိုက်ကာစဖယ်ကာ အတွေးတို့နယ်ချဲ့ရင်း အရှေ့မှ အရိပ်လေးတစုံတရာမြင်သွားသည်
ရောက်လာသောခေါင်းထဲမှ အကြံအစည်တို့အား
တိုးတိတ်စွာ ရယ်လိုက်ရင်း အောက်ထပ်မှ အိမ်ထိန်းယွန်း အား ဖုန်းဆက်ခေါ်လိုက်သည် ။"ယွန်း ညည်း ဟိုကလေးအသက်ဘယ်လောက်ရှိပြီလဲ သိသလား"
အထိန်းတော်အံသြတသကြည့်နေမိသည် ၁၅နှစ်ဆိုတဲ့ ကာလ တစ်လျှောက်လုံး စိတ်၀င်စားခြင်း အရှင်းမရှိတဲ့ ကလေး ကိုအခုအသက်မေးနေသည်ဆိုတော့
"15 - 15 နှစ်ပါ သခင်မကြီး "
မျက်နှာအနည်းငယ်ပျက်သွားဟန်ရှိသည့်
သခင်မကြီး သည် စကားဆက်၍ ဆိုလာပြန်သည်

YOU ARE READING
အာဂျောရှီး ဂျွန်🤎
Roman d'amourကျွန်တော်ကို တရား၀င်တောင် လက်မထပ်နိုင်သေးဘူးတဲ့လားဗျာ ကျွန်တော်ဦးကိုပေးဆပ်ခဲ့ရတာတွေက ပြန်မရနိုင်တဲ့ အရာတွေဖြစ်ခဲ့သလို ထပ်ပြီးဦးဆီက အသိအမှတ်ပြုခြင်း ဆိုတဲ့အရာကိုလဲပြန်မရနိုင်ဘူး ထင်ပါရဲ့ •~•