First And Last

1.5K 123 34
                                    


*ဟဲ့...!နင်တို့ကြားပြီးပြီလား..!*

*နင့်စကားကဘာလဲ အစမရှိ၊အဆုံးမရှိ...*

*ဒီနေ့မှအသစ်ပြောင်းလာတဲ့ကျောင်းသားကလေ ချောလိုက်တာမှအရမ်းဘဲ ဟယ်.!model ရှုံးရတယ်....*

*‌နင်ဘယ်ကကြားလာတာလဲ....*

*တကျောင်းလုံးပြန့်နေတာကို နင်တို့ဘဲမသိတာ...*

အတန်းချိန်ပြီး၍ကျောင်းcanteenမှာ နေ့လည်စာထိုင်စားနေတုန်း အတန်းဖော်မိန်းကလေးတစ်စုရဲ့တီးတိုးသံတွေကို သူအတိုင်းသားကြားနေရပေမယ့် ဂရုမစိုက်ဟန်ဖြင့် စားစရာရှိတာကိုသာ ဆက်စားနေသည်။

ဒါကထူးဆန်းတဲ့အရာမှမဟုတ်တာ။ကျောင်းသားတယောက်ပြောင်းလာတိုင်း မမောနိုင်မပန်းနိုင်‌ပြောနေကြတဲ့ သူတို့ကမှထူးဆန်းတာ။မိန်းကလေးပီပီ အရမ်းစပ်စုကြတာဘဲ။

*ဂျီမင် တော်ပြီလား..*

*အင်း..*

*အစားနည်းလိုက်တာ..*

မေးထူးခေါ်ပြောရုံမျှသာခင်တဲ့အတန်းဖော်တွေဖြစ်တာကြောင့် ထိုမိန်းကလေးတစ်စု၏အမေးကိုသူ ခေါင်းငြိမ့်ရင်းသာပြန်‌ဖြေလိုက်သည်။သူ့ကိုတော့ မာနမင်းသားလို့တိတ်တဆိတ်နာမည်ပေးထားကြသည်။ဒါကိုသူသိပေမယ့် အားလုံးကိူလျစ်လျုရှုပြီး မကြားသလိုဟန်ဆောင်ထားသည်

သူကစာတော်ကျောင်းသားဖြစ်ပြီးမည်သူနဲ့မျှအရင်းနှီးကျွမ်းဝင်ပေါင်းသင်းဆက်ဆံတာမျိုးမရှိဘူး။ပြောရရင် သူ့မှာသူငယ်ချင်းမရှိဘူးပေါ့။သူကိုယ်တိုငိကလည်းမရှာသလို လာမိတ်ဖွဲ့ခဲ့ရင်လည်း ဘာမှပြန်မပြောဘဲမထုံတက်တေးနဲ့ နေနေတက်သည်။

ဒါကဂျီမင်၏ဗီဇပင်။အနေ‌အေးတယ်လို့ဆိုရမလား။မာနကြီးပြီးချေတယ်လို့ခေါ်မလား။သူလည်းမပြောတက်ပေ။သူ၏နေထိုင်မှုပုံစံကိုကထိုအတိုင်းဖြစ်နေလို့ အများမြင်မှာတမူထူးနေမှာအသေချာဘဲ။

ကျောင်းcanteenကထွက်လာပြီးတော့ ခံတွင်းချဉ်လာတာနဲ့အဝါ‌ေရာင်ကျောပိုးအိတ်ထဲက ချိုချဉ်စုတ်လုံးတလုံးကိုထုတ်ကာဖောက်၍ပါးစပ်ထဲထည့်ငုံထားလိုက်သည်။ပြီးနောက် ခေါင်းငိုက်စိုက်ဖြင့်သာ စာကြည့်တိုက်သို့ဦးတည်လိုက်သည် ။ထိုနေရာသည် သူ၏နိဗ္ဗာန်ဘုံဖြစ်သည်။

One side love( Short)Where stories live. Discover now