Meet again

1.2K 117 11
                                    


*ဂျီမင် အပြင်မှာဧည့်သည်ရောက်နေတယ်...*

*ဘယ်သူလဲ...!*

*မသိဘူးလေ မင်းကိုတွေ့ချင်လို့တဲ့..*

အားလုံးနဲ့အဆက်သွယ်ဖြတ်ပြီးတဲ့နောက်ပိုင်းသူတယောက်ထဲဘူဆန်မှာအခြေချနေထိုင်ခဲ့တယ်။ကျောင်းပြီးသွားတော့ ဒေါ်ဒေါ်တို့ကိုလည်းဆက်ပြီးဒုက္ခမပေးချင်တော့ဘူးလေ။သူ့ကြောင့်နဲ့ ဒေါ်ဒေါ်နဲ့ မမကနေ့တိုင်းစကားများရတယ်။

ဒါကြောင့်လည်း ကိုယ့်ဝမ်းကိုယ်ရှာစားဖို့ရုန်းကန်ရတော့တာပေါ့။ပညာတက်တယောက်ဖြစ်ပေမယ့် သူ့အတွက်တော့အလုပ်ကအတော်လေးရှားသည်။ကုမ္ပဏီမှာသွားလျှောက်တော့လည်း ပညာတက်ရုံနဲ့မရသေးဘဲသူတို့လိုချင်တဲ့အချက်လက်တွေနဲ့နောက်ထပ်တက်ထားသင့်တဲ့ပညာရပ်တွေရှိမှခေါ်တယ်ဆိုလို့ တိတ်တဆိတ်မျက်ရည်ကျပြီးလှည့်ပြန်လာခဲ့ရတယ်။

ပြောရရင်သူ့မှာ‌ေကျာ‌‌ေထာက်နောက်ခံအင်အားမကောင်းလို့ဘဲ။သူ့ကိုကူညီပေးမယ့်မိဘနှစ်ပါးကဘယ်ဆီနေမှန်းမသိတော့ လူတကာကနှိမ်ချချင်တာပေါ့။အရင်လိုဘဲ အချိန်ပိုင်းအလုပ်တွေလုပ်ရင်း အထီးကျန်ခြင်း၊လွမ်းဆွေးခြင်းဒဏ်ကိုကြိတ်မှိတ်ခံစားခဲ့ရတယ်။

နောက်ဆုံးမတက်နိုင်တော့မှသာ စိတ်ထွက်ပေါက်အနေနဲ့နေရာသစ်မှာဇာတ်မြုပ်တော့မှာဆိုပြီးတကိုယ်တည်းမှတ်ချက်ချကာထွက်လာခဲ့လိုက်တယ်။သူ့ရဲ့အချစ်ဦး ဂျောင်ဂုကတော့ ကတိတည်စွာနဲ့ သူစိမ်းမမည်တဲ့သူစိမ်းတွေလို ဆက်ဆံရေးကျဲပါးသွားတယ်။

မချစ်နိုင်ဘူးလို့မငြင်းပါဘဲနဲ့ သူ့အနားကထွက်သွားပေးမလားလိူ့တောင်းဆိုလာတော့လည်း သူကချစ်နေရသူမို့ ဆက်ပြီးကပ်တွယ်မ‌ေနတော့ဘူးလေ။သူနဲ့အတူရှိနေရင် စိတ်ကျဉ်းကျပ်မှာစိုးလို့ ကျောင်းဝန်းထဲမှာထိပ်တိုက်တွေ့ခဲ့ရင်တောင် သူကဘဲအရင်မျက်နှာလွှဲပေးခဲ့တာ။နည်းနည်းတော့နာကျင်ရတာပေါ့။မဖိတ်ခေါ်ဘဲရောက်လာပြီး မနှင်ထုတ်ဘဲထွက်သွားတဲ့ အချစ်ဆိုတဲ့ဒြပ်မဲ့အရာကိုသူနာနာကျင်ကျင်နဲ့ကိုးကွယ်နေမိတယ်။

သူချစ်မိသွားတာကို။ဘာတက်နိုင်မှာလဲ။ကျောင်းပြီးသွားတော့ ဂျောင်ဂုနဲ့ပိူပြီးဝေးကွာသွားခဲ့တယ်။စပ်စုတက်တဲ့သူမဟုတ်လို့ ဂျောင်ဂုအကြောင်းကိုစုံစမ်းတာမျိုးမရှ်ခဲ့ဘူး။ဆိုလ်းမှာရှိသေးလား ဘယ်ဆီထွက်သွားလည်းဆိုတာသူလည်းမသိဘူး။

You've reached the end of published parts.

⏰ Last updated: Aug 25, 2023 ⏰

Add this story to your Library to get notified about new parts!

One side love( Short)Where stories live. Discover now