"မင်းဒီနေ့အားလား.."
"အင်...မအားဘူး"
အခက်တော့တွေ့နေရပြီ။ ဒီနေ့firstကိုဖွင့်ပြောဖို့ကြံစည်ထားခြင်းဖြစ်သည်။ အကုန်စီစဉ်ပြီးကာမှ မအားဘူးတဲ့လား။
"အရေးကြီးလား.."
"အရေးတော့မကြီးပါဘူး ဘာဖြစ်လို့လဲ"
"အာ...ငါတို့တွေ့ကြရင်ကောင်းမလားလို့"
"နောက်မှပေါ့..အခုတော့ ဒါပဲနော်"
"နေဦးလေ..ဘာလို့ချလိုက်တာလဲ"
အဆင်မပြေပါတော့ပေ။ အရင်ကတွေ့ဖြစ်သော်လည်း နောက်ကိုင်းမတွေ့ဖြစ်တော့။ တွေချင်ပါလည်း မရခဲ့။ မအားဆိုတာကအရင်လာသည်။
ဖုန်းလည်း ချသွားတတ်သေးသည်။ကိုယ္ကသာ သတိရေနတာ။ သူကေတာ့ အမြဲမအားပေ။
ဒီလိုဆို စလင်းပြောတဲ့အတိုင်းများ ဖြစ်နေလိုက်မလား။ သဝန္တိုတာက ဒီလောက်ထိနေရခက်လိမ့်မည်လို့ မတွေးဖူးခဲ့ပေ။ လက်တွေ့ကြုံတွေ့ရတာဟာ အတော်ဆိုးလွန်းသည်။
ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားရဦးပါမည်။
~~~~~~~~~~~~~~~~
"နောက်ဆုံးတော့လည်း ငါ့ကိုလိုတာပဲမလား"
"ကဲပါ...ငါဘယ်လိုလုပ်ရမလဲသာပြော"
နောက်ဆုံးတော့လည်း စလင်းကိုသာ အပူကပ်ရတော့မည်။
"သူနဲ့အခြေအနေက.."
"အင်...မဆိုးပါဘူး"
"မဆိုးပါဘူးဆိုတာဘယ်လိုမျိုးလဲ ငါကိုရှင်းအောင်ပြောလေ"
"သူက...အရင်က ငါစာသင်ပေးတဲ့ကျောင်းသား အခုတော့ကျောင်းပြောင်းသွားပြီ"
"အဲ့တာအဆက်အသွယ်ရသေးလား..."
"ရသေးပါတယ်"
"သုဖုန်းနမ်ဘတ်ငါ့ကိုပေး.."
"ဘာလုပ်ဖို့..."
"ပေးမှာသာပေးပါ ငါမလုပါဘူး"
ဟုတ်ပါတယ်။ သူငယ်ချင်းအရင်းကြီးနဲ့တောင် သူသဝန်တိုမိနေခဲ့တာပဲ။
"ငါနောက်ပို့လိုက်မယ်..."
"ဒါဆိုလည်း ဒီလောက်ပဲ ပြန်ဦးမယ်"