Tarot ဖူးစာ - First Week

68 1 0
                                    


‘ဟဲ့ ငါအခုထွက်လာတော့မယ်နော်’ ပျိုတစ်ယောက် မွန့်ကိုဖုန်းဆက်ပြီးပြောလိုက်သည်။ မွန်ဆိုတာ ပျို ငါးတန်းကတည်းကပေါင်းခဲ့တဲ့ ငယ်သူငယ်ချင်း ပျို စင်ကာပူမှာ တက္ကသိုလ်သွားတက်တော့ အဆက်သွယ်ပြတ်သွားပြီး အခုကျောင်းပြီးလို့အလုပ်ထဲဝင်တော့မှ အဆက်သွယ်ပြန်ရသည်။ အဆက်သွယ်ပြန်ရတယ်ဆိုတာကလဲ နဲနဲတော့ရယ်ရတယ်ပဲပြောရမလား ပျိုက စင်ကာပူမှာကတည်းက ဆတ်ဆတ်ဆော့ဆော့ တားရောတ့်ကဒ်တစ်ဘူးဝယ်ပြီး လက်တည့်စမ်းသည်လေ။ ရောက်ခါစ ဘားသွား Club တက်မလုပ်တတ်ခင် ရိုးသားကြိုးစားဖိုးသခွားလေးဆိုတော့ ပျင်းတာနဲ့လုပ်ချင်တာလျှောက်လုပ်တာလဲပါတာပေါ့ အဲ့ထဲမှာ တားရောတ့်ကတော့ အသုံးကျဆုံးပဲလို့ဆိုရမယ်။ ကျောင်းတခွင်ပြဲပြဲစင်ကိုပတ်ဟောလာတာ ပျို့တားရောတ့်က ဘယ်လောက်ထိပေါက်လဲဆို တခြားကျောင်းကသူတွေပါ အအေးဘူးလေးတွေကိုင်ပြီး ပျို့ဆီလာလာဟောတာ အခုသူတို့အိမ်ထောင်ကျတဲ့အထိပဲ ပျို့တားရော့တ်က အဲ့လောက်ထိကို ပေါက်ပါတယ်တဲ့။ သူတို့အပြောပေါ့လေ။ အခုလဲ တားရော့တ်အကြောင်းပြပြီး ငယ်သူငယ်ချင်းနဲ့ပြန် ဆုံဖြစ်တယ်ဆိုတော့ တားရော့်ကဒ်တွေက ပျို့အတွက်တော့ ကောင်းခြင်းတွေကြည့်ပဲ သယ်ဆောင်လာပေးတယ်လို့ဆိုရမယ်။

ပျို မွန်နဲ့ချိန်းထားတဲ့ My koffee ဆိုတဲ့ ကော်ဖီဆိုင်ထဲကို တားရော့တ်ဘူးလေးပိုက်ကာ ဝင်ခဲ့လိုက်သည်။ ဝင်ဝင်ချင်းကောင်တာမှာ  Americano နဲ့ Cheese cake မှာပြီး မွန်ထိုင်နေတဲ့ဘက်ကို လျှောက်ခဲ့လိုက်သည်။ မွန့်ရှေ့တည့်တည့်ကခုံမှာ ဝင်ထိုင်ရင်း

‘ရောက်နေတာ ကြာပြီလား ငါနဲနဲနောက်ကျသွားတယ် ဆောရီး’
‘ရတယ် သိပ်မကြာသေးဘူး ၁၀ မိနစ်လောက်ပဲရှိဦးမယ် နင်ဘာမှာပြီးပြီလဲ ငါရှင်းမှာနော် နင်ငါ့ကိုတားရောတ့်ဟောပေးမယ်ပြောတာ ငါကော်ဖီပြန်တိုက်မှာ’

‘အမယ်လေးရတယ် မနေ့က messenger မှာငါကအဖြစ်ပြောတာ နောက်ကြုံမှတိုက် အခုလဲရှင်းခဲ့ပြီ နင်နဲ့တွေ့ရတာကို အမြတ်ပဲ’

အခုမှ မွန့်ကိုသေချာကြည့်မိသည် ငယ်ငယ်တုန်းကအတိုင်း ဘာမှမပြောင်းလဲ ပုပုသေးသေးနုနုဖတ်ဖတ် လေး အခုခေတ် ခေတ်စားနေတဲ့ ရှောင်ကျဲကျဲဆိုတာ သူလေးမှအစစ်။ ပျိုက ကော်ဖီကိုတစ်ငုံသောက် Cheese cake ကိုတစ်ဇွန်းစားရင်း ကော်ဖီဆိုင်ထဲကိုဝင်လာတဲ့ အတွဲဘက်ကို ဖျတ်ကနဲ အကြည့်ရောက်သွားသည်။ ကလေးတွဲလေး ငယ်ငယ်နုနုလေးတွေ ကောင်မလေးက Tennis skirt လေးကို crop top မြောက်မြောက်ကလေးနဲ့ဝတ်ထားပြီး ဆံပင်က Mermaid hair အကောက်ပြေပြေလေး ကောက်ထားသည်။ မျက်မှန်ဝိုင်းလေးကလဲပါတော့ အရုပ်မလေးလို တော်တော်ချစ်ဖို့ကောင်းတာ။ ကောင်လေးကလဲ ငယ်ငယ်နုနုလေး ၂၀ တောင်ပြည့်သေးပုံမရ။ နဖူးပေါ်ဝဲနေတဲ့ ဆံပင်တွေကို သပ်တင်လိုက်တဲ့အချိန်မှာ ပျိုတစ်ယောက် ငေးကနဲဖြစ်သွားသည်။ မျက်နှာသေးသေး မျက်ရစ်မပါ မျက်ပေတုန်းလေး တကယ့်ရှောင်ကောကောလေးပါကွာ။ အဲ့လိုလေးတွေ မြင်ရတာ တကယ်စိတ်ချမ်းသာတယ်။ Refreshing ဖြစ်တယ် ရှိသမျှ Stress တွေတောင် ပျောက်တယ်။ ပျိုပြောတာ ရယ်ချင်ရယ်ကြနော် ဒါမယ့်ကောင်ချောလေးတွေကို မြင်ရင် လူတိုင်းအဲ့လိုဖြစ်ကြတယ်ဆိုတဲ့ အချက်ကိုတော့ လက်ခံလိုက်။

Tarot ဖူးစာWhere stories live. Discover now