ကင်မ်ကုမ္ပဏီရှိ အထပ်နှစ်ဆယ် ဥက္ကဋ္ဌရုံးခန်းထဲ၌ ပစ္စည်းများ၊ စားပွဲများ၊ အလှထောင်ထားသည့် ပန်းအိုးများ ရှုပ်ပွနေသည်။
"ဟာရူတို အခုငါ့လက်ထဲမှ ဘဏ်ကတ်တစ်ကတ်ဘဲရှိတော့ အဲ့ကတ်ထဲမှာလဲ သန်းဂဏာန်းလောက်ဘဲရှိတယ် အရင်ယူထားပါလား"
သူ့ရှေ့မှာ မျက်နှာနဲ့ ကြမ်းပြင်နဲ့ကပ်လုနီးပါး ငုံထားသည့် ကင်မ်ဒိုဆော့ကို တစ်ချက်မျှကြည့်လိုက်ပြီး ဟာရူတို စားပွဲပေါ်ခြေထောက်တင်ဆန့်ကာ ဆိုဖာပေါ်၌ ခန္တာကိုယ်ကိုရှောထိုင်လိုက်ပြီး ဆေးလိပ်သောက်ရင်း...
"ကျုပ်ကို ဘယ်လောက်ရှိပါတယ်၊ ဘယ်လောက်အရင်ယူထားပါလာမပြောနဲ့ ခင်ဗျားကို အချိန်တွေအများကြီးပေးပြီးပြီ အခုတော့မရတော့ဘူး"
"လုပ်ပါ ဟာရူတိုရယ်၊ အရင်ဆုံးဒါလေးတော့ အရင်ယူထားပါ ပြီးမှငါထပ်ရှာပြီး ထပ်ဆပ်ပါ့မယ်"
"ကျုပ်ခင်ဗျားကို ရှေ့မှာအချိန်တွေအများကြီးပေးပြီးသား အဲ့အတွင်း ခင်ဗျား ဘာသာ ငွေတွေဖြုန်းတာကို အခုကျုပ်ကိုပြန်ဆပ်ဖို့ငွေလိုနေပြီမလား ဟမ်"
ဟာရူတို၏ စကားကြောင့် ကင်မ်ဒိုဆော့ တစ်ယောက်ခေါင်းငုံ့သွားပြန်သည်။
"အဟမ်း၊ ခင်ဗျား ဟိုတစ်ခေါက်တာ ကြိုက်တာတောင်း အကုန်လုပ်ပေးမယ်ဆို ကျုပ်ကြိုက်တာတောင်းမယ် ခင်ဗျားပေးရမယ် ခင်ဗျားပေးရင် အကြွေးဆပ်စရာမလိုဘူး"
"ဟုတ်ပြီ ဘာတောင်းမှာလဲပြော"
"နေဦး စကားမဆုံးသေးဘူး"
ပြောရင်း စကားပြန်ဆက်လေသည်။
"အကယ်၍ ခင်ဗျား ကျုပ်တောင်းတာမပေးရင် ခင်ဗျားပေးရမဲ့ အကြွေးတွေကို မရရအောင် ကျေအောင်ပြန်ဆပ်ရမယ် ဘယ်လိုလဲ သဘောတူလား"
ထိုစကားကြောင့် ကင်မ်ဒိုဆော့ တစ်ယောက် အကြိမ်²ခေါင်းညိမ့်ပါတော့သည်။
"ကောင်းပြီ၊ မင်းကြိုက်တာပြော ငါပေးမယ်"
"ကင်မ်ဂျွန်ဂယူ့"
ဟာရူတိုပြောလိုက်သည့် စကားကြောင့် ကင်မ်ဒိုဆော့ ကြောက်လန့်သွားရသည်။
YOU ARE READING
𝐌𝐚𝐟𝐢𝐚ကြီးရဲ့ကိုကို
Romanceကိုကိုကလဲ ဗျာ..။ ဟာရူတို မောင့်!ကိုကိုစိတ်ဆိုးလိုက်မှာနော်! ကင်မ်ဂျွန်ဂယူ့