Unicode
********၁၉ ရာစုနှစ် အစောပိုင်း ကာလ၌
သျှီလာတိုင်းပြည်
မန္ဒယမင်းကြီး စိုးစံစဉ် ကာလ၌ မိဘုရားခေါင်ကြီးမှ သားတော် တစ်ပါး ဖွားမြင်ခဲ့ပြီး
ရာဇ္ဇဘုမ္မာန်လို့ အမည်သမ ခေါ်တွင်စေခဲ့သည်။ ချစ်မြတ်နိုးရသူ မိဘုရားခေါင်ကြီးထံမှ သားဦးလေး ဖြစ်တာကြောင့် မွေးပင်းစ အရွယ်ကပင် အိမ်ရှေ့စံရာထူး အပ်နှင်းပြီး ချီးမြောက်ခဲ့လေသည်။
နှစ်များစွာ ကြာသော်လည်း မိဘုရားခေါင်ကြီးမှ သားသမီး ထပ်မံ ထွန်းကားခြင်း မရှိတော့တာကြောင့် ခမည်းတော် မင်းကြီးထံမှ အချစ်များဟာ ရာဇ္ဇဘုမ္မာန် မင်းသားထံ၌သာ စုပုံနေကာ မင်းညီမင်းသားတို့ တတ်အပ်သည့် ပညာရပ်များကို ဖခင်မင်းကြီးကိုယ်တိုင် လက်သပ် သင်ကြားပေးခဲ့ပြီး သက်တော် ၁၄နှစ်တွင် နန်းတွင်း တပ်ဖွဲ့ကို ဦးဆောင်နိုင်သော မင်းသား တစ်ပါး ဖြစ်နေပေပြီ။သက်တော် ၁၆နှစ်တွင် မန္ဒယမင်းကြီးမှ လက်ရုံးရည် ပြည့်စုံသော အိမ်ရှေ့စံအား တိုင်းပြည် တစ်ဝက် ခွဲပေးကာ မင်းအဖြစ် တင်မြောက်တော် မူသည်။ ရာဇ္ဇဘုမ္မာန် မင်းသားဟာ သက်တော် ၁၆နှစ်မှာပင် မင်းတစ်ပါးဖြစ်လာပြီး ငယ်ရွယ်သူပီပီ စစ်သွေးကြွချိန်ဖြစ်၍ မိမိအပိုင်စား ရထားသော တိုင်းပြည်တစ်ဝက်သာမက ပတ်ဝန်းကျင်ရှိ အိမ်နီးချင်း နိုင်ငံတွေကို ကိုယ်တိုင်ဦးဆောင်လျက် ကျူးကျော်စစ် ဆင်နွှဲကာ ဖခင်စစ်ဘုရင်ရဲ့ ခြေရာအတိုင်း ရှုံးပွဲမရှိ အကုန် သိမ်းပိုက်နိုင်ခဲ့သည်။
အနိုင်ရ တိုင်းပြည် ဘုရင်များကို အသက်အသေခံမည်လော အညံ့ခံမည်လော အခွင့်ရေးပေးကာ အညံ့ခံသော တိုင်းပြည်များကို လက်အောက်ခံတိုင်းပြည်အဖြစ် သတ်မှတ်ပြီး ဓားစာခံအနေဖြင့် မင်းညီမင်းသားသွေး ပါဝင်သူတစ်ယောက်ကို သူ့တိုင်းပြည်၌ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားစေခဲ့သည်။ တစ်နှစ်တစ်ကြိမ် စုဝေးပွဲ ပြုလုပ်ကာ အခွန်ဆက်သခြင်းနှင့် ဓားစာခံ လဲလှယ်ခြင်းတို့ကို ပြုလုပ်စေသည်။
ဒီနေ့ဟာ မင်းကြီး ရာဇ္ဇဘုမ္မာန်ရဲ့ သက်တော် ၁၈နှစ်ပြည့် နေ့ထူးရက်မြတ်ဖြစ်သလို ခမည်းတော် မန္ဒယ မင်းကြီးမှ ကျန်တိုင်းပြည် တစ်ဝက်အား သူ့ထံ အပြည့်ဝ အပ်နှံသည့် နေ့လဲ ဖြစ်ပေသည်။ တိုင်းပြည် တစ်ခုလုံး ပျော်ပွဲရွှင်ပွဲသံများဖြင့် စည်ပင်ဝပြောနေကာ လမ်းကြိုလမ်းကြားများတွင်လဲ ကောလဟာလ တစ်ခုက ပျံ့နှံ့လာလေလျက်။
YOU ARE READING
DIARY
Fantasyလွန်လေပြီးသော နှစ်တွေဆီက ကြာပန်းငယ် တစ်ပွင့်ထံသို့ တမ်းချင်း။ မဝေနဲ့ဒို့ နှစ်ယောက်သား collaboration လုပ်ထားတဲ့ ရှေးခေတ် ဇာတ်အိမ်လေး တစ်ပုဒ်ပါ။ စိတ်ကူးယဉ် ဝတ္ထုဖြစ်တာကြောင့် အသုံးနှုန်း အခေါ်ဝေါ်တွေ ပြင်ပနှင့် ကွဲလွဲနိုင်ပါတယ်။ Start _25.8.2023