Uni 🔞(Ep 1_ First Time S_x)🔞

3K 43 2
                                    

"စမ်းကြည့်ချင်လား မမဇော်"

ကျွန်မနားထဲကို စိမ့်ခနဲ ဝင်လာတဲ့ လေသံသာသာ အသံချိုချိုကြောင့် ကြက်သီးမွှေးညှင်းတွေ
ထသွားတယ်။ကျွန်မ အဖြေပြန်မပေးရသေးခင်မှာပဲ သူမရဲ့ လက်က ကျွန်မရဲ့ခါးကို ရစ်ပတ်လာပြီး ရင်ချင်းဆွဲအပ်လိုက်တယ်။
ပြီးတော့ ကျန်တဲ့လက်တစ်ဖက်က ကျွန်မရဲ့ ပါးပြင်ပေါ်ကနေ လည်တိုင်ကို ဆင်းသွားတယ်။
ဘာကြောင့်ရယ်မသိ ဒီအထိအတွေ့တွေက ကျွန်မကို စိတ်လှုပ်ရှားစေတယ်။

"အဲ့ဒါ အရမ်းကောင်းတယ်ဆိုတာ ကတိပေးတယ်"

သူမဆက်ပြောတယ်။ကျွန်မ တုတ်တုတ်မှ မလှုပ်မိပဲ သူမလက်ထဲမှာ အညှို့ခံထားရတဲ့သားကောင်တစ်ကောင်လို မိန်းမောနေမိတယ်။

"အိုခေ ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းပဲ"

".........."

ကျွန်မ ဘာစကားမှပြန်မိဘူး။ ခေါင်းငြိမ့်ခေါင်းခါ တစ်ခုခုများလုပ်မိသေးလားတောင် ကျွန်မကိုယ်ကျွန်မ မသိတော့ဘူး။ကျွန်မ စိုက်ကြည့်နေမိတဲ့ သူမမျက်နှာက ရုတ်တရက် ကျွန်မနဲ့ ပိုနီးကပ်လာပြီးကျွန်မ နှုတ်ခမ်းတွေမှာ နူးညံ့တဲ့ အထိတွေ့တစ်ခုကို ခံစားလိုက်ရတယ်။
နူးညံ့တယ်၊ပြီးတော့ အဲ့ဒါက စတော်ဘယ်ရီနံ့ သင်းသင်းလေး။ အင်း သူမက စတော်ဘယ်ရီသီးကြိုက်တာပဲ။

ကျွန်မ နှုတ်ခမ်းတွေကို သူမမက်မက်‌မောမော နမ်းရှိုက်နေပေမယ့် ကျွန်မ မတုံ့ပြန်မိပဲ ဒီတိုင်းကျောက်ရုပ်လို ငြိမ်နေမိတယ်။မတုံ့ပြန်တာထက် ဘယ်လို တုံ့ပြန်ရမလဲမသိတာ။
ဒါက ကျွန်မအတွက် ပထမဆုံးအနမ်းလေ။ မိန်းကလေးနဲ့ ဆိုရင်ပေါ့။
အထိတွေ့နဲ့ ‌အတွေးတွေကြား ကျွန်မ နပန်းလုံးနေရင်း သူမရဲ့ နှုတ်ခမ်းတွေက ကျွန်မရဲ့ လည်ပင်းဆီရောက်လာတယ်။

"Ommm..."

ဘုရားရေ။

အိုးမိုင်ဂေါ့။

ကျွန်မ ဆီကဘာအသံကြီး ထွက်သွားတာလဲ။
ကျွန်မ နားရွက်ဆီကနေ ထူးဆန်းတဲ့ ခံစားချက်တစ်ခုကို ရလိုက်တယ်။
သူမ ဘာလို့ ကျွန်မရဲ့ နားရွက်တွေကို ပွတ်နေတာလဲ။

သူမ (သို့) ငြိတွယ်ခြင်းWhere stories live. Discover now