"ငါက နင့်ရဲ့ one night stand လား ဝင်းမမဇော်ရဲ့ ဟင်! ပြောစမ်းပါဦး"ဖုန်းထဲက မက်ဆေ့ပို့လာတဲ့ Mayarဆိုတာ
ဘယ်သူလဲ။ မွေးထားတဲ့အမေနဲ့ အဖေတောင် နာမည်အရင်းကို ဦး၊ဒေါ်တပ်ပြီး contact မှတ်တဲ့ သူမက ဘာကြောင့် Mayarဆိုတဲ့နာမည် ရဲ့ဘေးမှာ smile emoji ထည့်ပြီးမှတ်ထားရတာလဲ။နောက်ပြီးတော့ အဲ့ဒီ့ မေယာဆိုတဲ့သူက ဘာကြောင့် သူမရဲ့မိဘတွေနဲ့ ဆုံဖို့ ရက်ချိန်းကို မက်ဆေ့ပို့ရတာလဲ။
နောက်ပြီးတော့...နောက်ပြီးတော့...နောက်ပြီးတော့။ကျွန်မခေါင်းထဲမှာ အော်ဟစ်ပေါက်ကွဲနေတဲ့ နောက်ပြီးတော့ပေါင်းများစွာဟာ ကျွန်မရဲ့လည်ချောင်းမှာတင် တစ်ပြီး ပါးစပ်ထဲကို ရောက်မလာဘဲ အကုန်ပျောက်ကွယ်သွားတာက သိပ်ထူးဆန်းတယ်။ကျွန်မရဲ့ ပါးစပ်ကလေးဟာ ပုံမှန်အချိန်တွေဆို ပြောချင်တဲ့စကားတွေကို မျိုသိပ်တတ်တဲ့ အစဉ်လာမရှိခဲ့။
ဘဝမှာ ပထမဆုံးအကြိမ်ဆိုတာတော့ အမြဲရှိတာပါပဲလေ။ကတ်ကတ်လန်တဲ့ ကျွန်မပါးစပ်ကလည်း သူမကြောင့် ပထမဆုံးအကြိမ် ဆွံ့အခဲ့ရသလို တကိုယ်ရည် အာသာတောင် မဖြေဖူးတဲ့ကျွန်မဟာလည်း မနေ့ညက သူမနဲ့အတူ ပထမဆုံးအကြိမ်အဖြစ် s_x လုပ်ခဲ့တယ်။ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ကျွန်မအဖြစ်ချင်ဆုံးဆန္ဒကတော့ သူမနဲ့ပတ်သတ်ပြီး ဘာမှအလေးနက်မရှိတဲ့ ခပ်ချေချေပုံစံနဲ့ ဒီနေရာကနေ ထွက်သွားချင်မိတာပါပဲ။ကျွန်မကို ဟာသလိုသဘောထားတဲ့ သူမကို မစွဲလမ်းမိချင်တာ ကျွန်မရဲ့ လတ်တလော ပန်းတိုင်။
"ဆောရီး ငါတို့ကြားက ကိစ္စမျိုးဆိုတာ အနေနီးရင် ဖြစ်သွားတတ်ကြတာမျိုးပဲလေ၊ နင်လည်း နားလည်မှာပါ၊ ဆိုတော့ ငါတို့ကြားမှာ ဖြစ်ပြီးသွားတဲ့ကိစ္စတစ်ခုကြောင့်နဲ့တော့ အနေမခက်ကြရအောင်လေ၊ အဲ့လိုဆိုတိုင်းလည်း သက်သက်ကြီးတော့ မေ့ပစ်စရာမလိုပါဘူး၊ ဒီတိုင်း ပျော်စရာကိစ္စလေးတစ်ခုလို့ပဲ မှတ်လိုက်ကြရအောင်"
ကျွန်မ အသက်မရှူတမ်း ပြောမိတဲ့ စကားအရှည်ကြီးရဲ့ အဆုံးမှာတော့ သူမရဲ့ ပါးစပ်ကနေ တစ်ခုခုပြန်ပြောရမယ့်အစား မဲ့ပြုံးတစ်ခုက ဟက်ခနဲ ထွက်ကျလာတယ်။ စကားပြောနေရင်းနဲ့ ကျွန်မအသံတွေများ တုန်ခါသွားသေးသလားဆိုပြီး မလုံမလဲ ပြန်သုံးသပ်မိသေးတယ်။နည်းနည်းလောက် တုန်ခါသွားကောင်း တုန်ခါသွားနိုင်ပေမယ့် သူမသတိထားမိမယ်လို့တော့ ကျွန်မ မထင်ဘူး။ ကျွန်မကိုယ်တိုင် ကျွန်မရဲ့ အခြေအနေကို ပါးစပ်က ထုတ်မပြောဘဲနဲ့ ရိပ်မိလောက်တဲ့ထိ ကျွန်မဟာ သူမအတွက် အရေးပါတဲ့ ဖြစ်တည်မှု မဟုတ်နေဘူး။ ဒါဆို ဒီမဲ့ပြုံးရဲ့ အဓိပ္ပါယ်က ဘာတဲ့လဲ။
ရှင်းပါတယ်...သူမပြောမယ့်စကားတွေကို ကျွန်မက ယူပြောသွားတော့ မဲ့ပြုံးရုံအပြင် မတတ်နိုင်တဲ့ သဘောပဲပေါ့။
YOU ARE READING
သူမ (သို့) ငြိတွယ်ခြင်း
Romantikရည်းစားဦးလည်းမဟုတ်။ အချစ်ဦးလည်းမဟုတ်။ ဒါဆိုရင် ကျွန်မက ဘာကြောင့် သူမကို မမေ့နိုင်တာလဲ။ ကျွန်မမမေ့နိုင်တာ သူမကိုလား။ သူမရဲ့အထိတွေ့တွေကိုလား။ ဒါမှမဟုတ် ကျွန်မဘဝရဲ့ ပထမဆုံး အတွေ့ကြုံကိုလား။ (S_x romance အများကြီးပါမှာမို့ ဖြူစင်သူလေးများ လာမဖတ်ရ) ရည္းစ...