Blue Sky♥︎

532 52 29
                                    

အပြာရောင် ကောင်းကင်ကြီး.....။

ပန်းခင်းကြီးကို ပြတင်းပေါက်ကနေအထင်းသားမြင်နေရသည်။

Liya ကတစ်ခါပြောဖူးတယ်၊
Fourth က ပန်းလေးတစ်ပွင့်နဲ့တူတယ်တဲ့

ပန်းလေးလို လှတယ်
ပန်းလေးလို နူးညံ့တယ်
ပန်းလေးလို အချစ်ခံရတယ်။

နားကြားမှာ စိတ်ကူးပေါက်ရင်
ပန်းသေးသေးလေးတွေကောက်ပြီးညှပ်ပြီး ပန်လိုက်ရင်
Fourth ကအတော်ကိုလှပါသည်။

ကုတင်ပေါ်မှာ ငုတ်တုတ်လေးထိုင်ကာ
Fourth မနေ့ညကတွေ့ခဲ့တဲ့ ထိုလူအကြောင်းပြန်တွေးမိသည်။

သူလည်း ထိုင်းပဲထင်ပါရဲ့။

"Fourth, ခနလာခဲ့အုန်း"

Liya ရဲ့ခေါ်သံကို Fourth ကြားလိုက်ကာ
အခန်းအပြင်ဖက်ကို ထွက်လာလိုက်သည်။

"ဘာဖြစ်လို့လည်း ခမျ"

"ငါပြန်တော့မယ်နော်, Jenner ကိုပြန်လာရင်ပြောလိုက်အုန်း"

ခနလေးပဲနေပြီး ပြန်ပြန်သွားတက်တဲ့ Liya ကို Fourth လည်းမတားတော့ပါ။

ခေါင်းညိတ်ပြလိုက်ကာ တံခါးပေါက်ပိတ်ပြီးအိမ်ထဲမှာစာအုပ်ဖတ်နေလိုက်သည်။

"စာတွေဖတ်နေတာလား"

"အော်...အန်တီ Jenner "

အန်တီ Jenner ရဲ့ စျေးအထုတ်တွေကိုသွားကူသယ်ပေးကာ
နေရာထိုင်ဖို့ ဖယ်ပေးလိုက်သည်။

"နေမကောင်းဘူးလားဗျ"

"ဟုတ်တယ်သားရယ်, မနေ့ညကအအေးပတ်သွားတာထင်တယ်"

ခေါင်းကိုကိုင်ကာ ညင်းညူရင် အန်တီ Jenner ကပြောလိုက်သည်။

" အမေပြန်သွားပြီ, အန်တီကိုပြောခိုင်းလိုက်တယ်"

Jenner လည်းရိုးနေပြီမို့ ထွေထွေထူးထူးမအံ့သြတော့
သူ့အစ်မကို နည်းနည်းတော့ပြောနေလေသည်။

ခနကြာတော့ အန်တီ Jenner ကခြင်းတောင်းတစ်ခုကိုင်ကာ
အပြင်ထွက်ဖို့ပြင်နေတာကို Fourth မြင်လိုက်ရလေသည်။

"အန်တီ, ဘယ်သွားမလို့လည်း နေမကောင်းဘူးဆို"

"မီးလင်းဖိုအတွက် ထင်းတွေကုန်သွားပြီလေ,
သွားပြီး ကောက်မလို့"

The BoyfriendWhere stories live. Discover now