Part 7

1.6K 124 2
                                    

အိမ်ကြီးရဲ့အပြင်ဘက်ကို လွင်ဟိန်းတို့လျှောက်ပတ်သွားနေရင်း ရှင်းသန့်မေကိုသူတို့လိုက်ရှာနေမိသည်။မိုးရွာပြီးစဖြစ်နေတာကြောင့် မြေတွေက ပျော့နေကာ လမ်းသွားရတာခက်ခဲနေသည်။ ထိုစဉ် သူတို့ခနက ရဲရင့်နဲ့ဟန်နီစိုးတို့ရဲ့မြေပုံဘေးသို့ပြန်ရောက်လာတော့ ‌မြေပုံကိုမတ်တပ်ရပ်ကာစိုက်‌ကြည့်နေတဲ့သူတစ်ယောက်ကို တွေ့လိုက်ရတာကြောင့် အိန္ဒြာနဲ့ဂျူးဂျူးမေ ၀မ်းသာအားရဖြင့် ပြေးဖက်လေတော့သည်။

"ဟေးးး ရှင်းသန့်နင်ဘယ်တွေပျောက်နေတာလဲ ငါတို့ကနင့်ကိုလိုက်ရှာနေတာ"

အိန္ဒြာကပြေးဖက်ကာပြောလေတော့ ရှင်းသန့်မေက နောက်လှည့်ကြည့်လာကာ ဘာမှမပြောဘဲ ပြုံး၍နေလေသည်။

လွင်ဟိန်း _ "နင်ဘယ်တွေရောက်နေတာလဲ ငါဖုန်း‌ပြန်ခေါ်သေးတယ် နင်ဖုန်းမကိုင်လို့ နင့်ကိုလိုက်ရှာတာ နင်ကဘယ်တွေရောက်နေတာလဲ"

ရှင်းသန့်မေ _ "ငါ့ကို ဟိုလူက ဖမ်းခေါ်သွားတာပြီးတော့အိမ်အနောက်ဘက်က ဂိုထောင်မှာလာထည့်ထားတာ "

ဂျူးဂျူးမေ_ "တော်သေးတာပေါ့ဟယ် မသေကောင်းမပျောက်ကောင်းမို့ ဘယ်လိုပဲဖြစ်ဖြစ် နင်အသက်ရှင်နေတာနဲ့တင် ငါတို့၀မ်းသာနေပါပြီ"

အိန္ဒြာ_" ဒါဆိုငါတို့တွေ အိမ်ထဲပြန်၀င်ကြရအောင် ဟိုနှစ်ယောက်ကိုခေါ်ပြီး ဒီအိမ်ကြီးထဲကနေအမြန်ဆုံးထွက်ပြေးမှရမယ်"

လွင်ဟိန်း_ "ငါ..ရဲရင့်နဲ့ဟန်နီ့ကိုမထားခဲ့နိုင်ဘူးဟာ"

အိန္ဒြာ_"ငါတို့လည်း ဘယ်လိုလုပ်ထားခဲ့ချင်မှာလဲဟာ အခုတောင်ငါတို့အသက်ရှင်ဖို့အတွက်မနည်းကြိုးစားနေရတာ ဟိုသရဲကိုသတ်ဖို့ဆိုတာ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးဟဲ့ ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်သွားလိမ့်မယ်"

ဂျူးဂျူးမေ_"ပြောနေရင်ကြာပါတယ် လာ အိမ်ထဲ၀င်ကြရအောင်"

လွင်ဟိန်းကို ဂျူဂျူးမေကအတင်းဆွဲခေါ်သွားတာကြောင့် ယက်ကန်ယက်ကန်နဲ့ပါသွားပြီး ရှင်းသန့်မေနဲ့အိန္ဒြာကနောက်ကနေ လိုက်ပါလာခဲ့သည်။ ဂျူးဂျူးမေက လွင်ဟိန်းရဲ့လက်ကိုဆွဲကာ အိမ်ရှေ့တံခါးနားရောက်ပြီး အိမ်ထဲ၀င်မယ်လုပ်စဉ် အိန္ဒြာရဲ့နာကျင်စွာအော်လိုက်တဲ့အသံကိုကြားလိုက်ရတာကြောင့် သူတို့နှစ်ယောက်အနောက်ကိုလှမ်းကြည့်မိတော့ အိန္ဒြာရဲ့အနောက်ကနေ ရှင်းသန့်မေက ဓားနဲ့ထိုးလိုက်တာကြောင့် ဓားမြှောင်တစ်ခုဟာ အိန္ဒြာရဲ့ကျောအနောက်ဘက်ကနေ ရင်ဘက်ကိုဖောက်၀င်နေတာကိုတွေ့လိုက်ရသည်။

10:15 Pm 🖤Where stories live. Discover now