လေပြေညှင်းတွေ ညှင်သာစွာတိုက်ခတ်နေတဲ့တောင်ကုန်းလေးတစ်ခုမှာ သူလဲလျောင်းနေမိတယ်။နေရောင်ခြည်တစ်ချို့က သစ်ရွက်တွေကြားကနေ သူ့ရဲ့မျက်လုံးမှိတ်ထားတဲ့မျက်နှာပေါ်ဖြာကျနေတယ်။
သူ့မျက်နှာပေါ်မှာ ယွစိယွစိဖြစ်နေတဲ့ခံစားချက်ကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ မြက်ပန်းတစ်ခုနဲ့သူ့ရဲ့မျက်နှာကို ပွတ်နေတဲ့ဂွန်းကိုတွေ့လိုက်ရတယ်။
""ချွမ် ဘာတွေတွေးနေတာလဲ""
ဂွန်းက သူ့လက်ထဲကမြက်ပန်းလေးကို အင်္ကျီအိတ်ကပ်ထဲထည့်ရင်း မေးလိုက်တယ်။ရစ်ခီက ဂွန်းလုပ်သမျှကိုသေချာကြည့်နေပေမယ့် သူ့ခေါင်းထဲမှာတော့အတွေးပေါင်းစုံကဖြတ်ပြေးနေတယ်။သူသာ ဂွန်းရဲ့ဒိုင်ယာရီကိုမမြင်ခဲ့ရင် သူ့ရှေ့ကလူကို သူငယ်ချင်းလိုပဲမြင်ပြီးသဘောရိုးနဲ့ဆက်ဆံခဲ့မိမယ်ထင်တယ်။အခုလို အသေးစိတ်ကအစသတိပြုမိမယ်မထင်ဘူး။
ဂွန်းက သူ့ဆီကအဖြေကိုပြုံးပြုံးလေးနဲ့စောင့်နေတယ်။တကယ့်ကိုအေးချမ်းရာလေးပဲ။ရုတ်တရက် တွေးမိသွားတဲ့အတွေးကြောင့် ရစ်ခီရဲ့ရှက်သွားကာ သူ့ကိုမေးထောက်ပြီးငုံ့ကြည့်နေတဲ့ ဂွန်းကိုအသာတွန်းလိုက်သည်။
""မင်းကိုယ်ကြီးက လေးတယ်""
ဂွန်းက သူ့ကိုတွန်းလာတဲ့ချွမ်ရဲ့သွယ်လျပြီးလှပတဲ့လက်ချောင်းတွေကို ဖမ်းဆုပ်လိုက်တယ်။အချိန်တိုင်းအမြဲတမ်း ဆုပ်ကိုင်ထားရရင်တောင် ချွမ်ရဲ့လက်တွေက သူ့အတွက်တော့အကောင်းဆုံးနွေးထွေးမှုလေးဖြစ်နေမှာပဲ။သူ့နှလုံးသားရဲ့ဆန္ဒကိုအလိုလိုက်မိစွာ အနှီလက်ကလေးကို သူ့နှုတ်ခမ်းဖျားပေါ်ဆွဲယူထိကပ်လိုက်တော့ ရစ်ခီရဲ့တည်ငြိမ်တဲ့မျက်နှာမှာ မသိမသာရှက်ရိပ်လေး သန်းသွားတယ်။
""ဘာတွေလာလုပ်နေတာတုန်း""
ရစ်ခီကရှက်ကိုးရှက်ကန်းရယ်လိုက်ပြီး ဂွန်းရဲ့လက်ထဲကသူ့လက်ကိုပြန်ဆွဲထုတ်ရင်း ဂွန်းရဲ့ရင်ဖက်ကိုလက်သီးနဲ့အသာထိုးလိုက်တယ်။
""မင်း""
ရုတ်တရက် သူ့ကိုပြန်အုပ်မိုးလာတဲ့ ဂွန်းကြောင့်ရစ်ခီထိတ်လန့်သွားတယ်။အခုကနေ့ခင်းကြောင်တောင်ကြီးမှာလေ။တကယ်လို့ပါပါရာဇီတွေတွေ့သွားရင်ရော။တကယ်လို့ပါပါရာဇီတွေတွေ့သွားရင်တောင် သူနဲ့ဂွန်းကိုကောင်းမွန်တဲ့ညီအစ်ကိုဆက်ဆံရေးလို့ပဲတွေးမှာကို ရစ်ခီမေ့သွားပုံရပါတယ်။သူကသာ ဂွန်းရဲ့ဒိုင်ယာရီကိုမြင်ပြီး အမြင်တွေပြောင်းလဲခဲ့တာ။တခြားသူတွေအတွက်တော့ သူတို့ကအဖွဲ့တစ်ခုထဲက သိပ်ချစ်ကြတဲ့ညီအကိုတွေပေါ့