ဆောင်းဝင်ကာစဖြစ်တာကြောင့် ညနေခင်းလေထုကအေးစိမ့်စိမ့်ဖြစ်နေသည်အအေးဒဏ်ကိုမခံနိုင်တဲ့ ဆောနူရဲ့ပါးနှစ်ဖက်ကပန်းဆီရောင်ဖျော့ဖျော့လေးသန်းလို့
"မင်းကိုစောင့်ရတာကြာလိုက်တာကွာ ဂျေးတို့တောင်ပြန်သွားပြီ"
ပတ်ဆောင်းဟွန်းက ပီကေတစ်ဖောက်ဖောက်ဝါးနေရင်း အပြစ်တင်သည်
"ဆယ်မိနစ်တည်းနောက်ကျတာပါနော် အပိုမပြောနဲ့ မင်းဂိမ်းဆော့တိုင်း ငါလိုက်ပေးတာ ၁နာရီ၂နာရီကလို့လား"
ချက်ကျလက်ကျပြန်ပြောတဲ့ ဆောနူကြောင့် ဆောင်းဟွန်းပါးစပ်ပိတ်သွားသည်
တော်ကြာ စိတ်ဆိုးသွားပြီး မလိုက်ပေးရင် ကိုယ်ပါအပြင်ထွက်ရတော့မှာမဟုတ်
အိမ်ကအမေက ဆောနူမှမပါရင် ဘယ်မှမလွှတ်"ဒီတစ်ပတ်ပိတ်ရက်ကျရင် ဂျေးတို့နဲ့ဘောလုံးသွားကန်ကြမလား"
"ငါမြို့ထဲမှာ စာအုပ်သွားဝယ်စရာရှိတယ်"
"ဂင်ဆောနူ မင်းကတော့ သေရင်တောင် စာအုပ်ဖက်သေမဲ့အမျိုး စိတ်ချ မင်းသေရင် မင်းစာအုပ်စင်က စာအုပ်တွေအကုန်မီးရှို့
ထည့်ပေးလိုက်မယ်""ပတ်ဆောင်းဟွန်း သေချင်နေပြီလား"
"မသေချင်သေးပါဘူး ကိုကြီးနဲ့လက်ထပ်ရဦးမှာ"
"မင်းရဲ့စာကြိုးစားပုံနဲ့တော့ ဟိုကပြန်ကြိုက်မှာမဟုတ်ဘူး"
"ဂင်ဆောနူ ငါ့ကိုအထင်သေးတာလား"
"အထင်ကိုမကြီးတာ"
သူတို့နှစ်ယောက်စကားနိုင်လုရင်းလမ်းလျှောက်လာတုန်း ရှေ့မှာ ကောင်လေးတစ်ယောက်က လာပိတ်ရပ်သည်
"သြော် နီရီမူရာ ရှီခီပါလား"
ပတ်ဆောင်းဟွန်းကနှုတ်ဆက်ပေမဲ့ကောင်လေးက မျက်မှောင်ကြုံ့သွားသည်
"နီရှီမူရာ ရီခီပါဗျ"
"မင်းနဲ့သိလို့လား"
"သူက ငါတို့ထက်နှစ်တန်းငယ်တယ် ဒီနှစ်မှဂျပန်ကကျောင်းပြောင်းလာတာ ငါတို့လမ်းထဲကလေ"
"သြော်"
"ဒီက ကိိုကိုသေးသေးလေး ဒါလေးယူသွားပေးပါ"