တိမ်လွှာတွေကြားမှာ အမျိုးသမီးတဦး။
မဟုတ်ဘူး။ မဟုတ်သေးဘူး။ အမျိုးသမီးနှစ်ဦးပဲ။ တယောက်ကပြုံးပြီးစကားပြောနေတာကို ရင်ခွင်ထဲကအမျိုးသမီးက မျက်လွှာချပြီး နားထောင်နေတယ်။ ဒါက အိမ်မက်လား။ တကယ်လား။
ငါမြင်တယ်။ မြင်နေရတယ်။ သူတို့နှစ်ယောက်ရဲ့မျက်ဝန်းတွေထဲကအချစ်တွေကို။ ဘေးကကြည့်နေတဲ့ငါက ကြည်နူးနေတယ်။ နှစ်ယောက်လုံးက ရွှေအိုရောင်ဆံပင်တွေနဲ့။ နိုင်ငံခြားက လိင်တူစုံတွဲထင်ပါရဲ့။ အနည်းငယ်အရပ်ပိုမြင့်တဲ့ မိန်းကလေးက ဆံပင်တွေကိုဖွရင်း ပုခုံးပေါ်မှီထားတဲ့ကောင်မလေးကို နမ်းနေတယ်။
အိုးးး .... တကယ်ကိုကြည်နူးစရာ။
.
.
.
'' Ruby ... ထတော့လေ။ Jennie Ruby Jane Kim !! ''
လိုက်ကာစကို ရွှီးခနဲ ဆွဲဖယ်လိုက်တဲ့ မာတာမိခင်ကြောင့် jennie နိုးလာသည်။ နှမြောဖို့ကောင်းစွာ အိမ်မက်ထဲမှအမျိုးသမီးတွေရဲ့မျက်နှာကို သေချာမမှတ်မိတော့ပေ။
'' ညက ဘယ်အချိန်မှအိပ်တာလဲ။ ကိုယ့်ကိုကိုယ် မျက်ကြည်လွှာအစားထိုးထားတာမှန်း သိသေးရဲ့လား။ ပန်းချီဆက်မဆွဲလည်း နင့်ကိုငါကျွေးထားနိုင်ပါတယ် ruby ရယ်။ နားနားနေနေ လုပ်စမ်းပါအေ ''
ပြန့်ကြဲနေတဲ့စာရွက်တွေကိုလိုက်ကောက်ရင်းမှ မာမီက ညီးတွားသည်။ မာမီက ချစ်စနိုးနဲ့ ruby ဟုခေါ်ပေမယ့် သူမဟာ နှစ်ဆယ့်ခုနစ်နှစ်အရွယ်ရှိပြီဖြစ်တဲ့ နာမည်ကြီးပန်းချီဆရာမတဦးပင်။
'' 12 လောက်ထိပဲနေတာပါ မာမီရယ်။ အခုက ဘယ်အချိန်ရှိပြီလဲ ''
စားပွဲပေါ်မှနာရီလေးက 8:55Am ကိုညွှန်ပြသည်။ ဖြန့်ချထားတဲ့ဆံပင်တွေကို ခေါင်းစည်းကြိုးဖြင့် ချည်နှောင်ပြီး မျက်နှာသစ်ဖို့ လုပ်သည်။ လှိုင်းထနေသောဆံနွယ်လေးတွေဟာ jennie kim ဆိုတဲ့ သူမကိုကိုယ်စားပြုသည်။ သူမဟာ ချစ်စဖွယ်ကောင်းသည်ဟု ခဏခဏကြားရသော်လည်း အိမ်ကမိခင်ကတော့...'' နင့်နေထိုင်ပုံကိုမမြင်လို့ပြောတာ။ ငါကတော့ ဝက်သားတောင်မစားနိုင်တော့ဘူး။ ငါ့သမီးအခန်းက ဝက်ကျင်းဖြစ်နေလို့လေ '' လို့ပုတ်ခတ်စမြဲ။
YOU ARE READING
You & Me
Fanfictionမိုးကုတ်စက်ဝိုင်းကြီးရဲ့ တထောင့်တနေရာမှာ ကျွန်မတို့ဆုံခဲ့ဖူးသလား။ ရှင့်မျက်ဝန်းတွေလေ ကျွန်မဖြင့်သိပ်ရင်းနှီးတာပဲ။