နောက်တစ်နေ့မနက် ထယ်ရယ်တို့ ကျောင်းရောက်တော့ ကျောင်းတစ်ခုလုံး အုပ်အုပ်ကြွပ်ကြွပ်ဖြစ်နေတာကိုတွေ့လိုက်ရတာမို့ ဘာဖြစ်နေတာလဲဆိုတာ သိရဖို့ စုံစမ်းလိုက်သည်။ ငါးမိနစ်လောက်လည်းကြာရော ထယ်ရယ့်ရဲ့ ချစ်သူငယ်ချင်းလေး ချာဝွန်းဂီကို ပိုးပန်းနေတဲ့ဒိုဟာနဲ့ မင်ဂယူတို့ရဲ့ကျေးဇူးဖြင့်
အခုလို တစ်ကျောင်းလုံးက မိန်းကလေးတွေ ရွပိုးထနေသည့် အကြောင်းရင်းမှာ
တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကျော် ဘက်စကတ်ဘောကစားသမား တွေဖြစ်တဲ့ "ပတ်ဂွန်းဝု" ၊ "ဂွမ်ဂျွန်ဟျွန်း"၊ "လီဆွန်းဟွမ်တို့သုံးယောက် ဒီချောင်းအွန်းအထက်တန်းကျောင်းသို့ ကျောင်းပြောင်းလာခြင်းကြောင့် ဖြစ်သည်ဆိုတာပင်။အမှန်တကယ်တွေးကြည့်ရင်ထူးဆန်းလှသည်။ဒီ ချောင်းအွန်း ဆိုတာက စာဆိုစာပဲလုပ်ချင်တဲ့သူတွေများတာဖြစ်သည်၊ ဥပမာ ထယ်ရယ်တို့လိုပေါ့၊ အဲ့တာကို ပတ်ဂွန်းဝုလို နာမည်ကျော် အားကစားသမားတွေက ဘာလို့လာတက်ကြတာပါလိမ့်၊ ဝွန်းဂီကလည်း ဒီကိစ္စက မရိုးရှင်းဆိုပြီး လိုက်စုံစမ်းကြည့်ဦးမယ်ဆိုကာ ထွက်သွားသည်။ အဲ့တာနဲ့ ထယ်ရယ်လည်း ဒီလောက် ကောင်မလေးတွေကြားရေပန်းစားနေတာ ပတ်ဂွန်းဝုက ဘယ်လို လူမျိုးမို့လို့လဲဆိုပြီး အင်တာနက်မှာ ရှာကြည့်လိုက်သည်၊ အဲ အဲ့မှာမှ တကယ့်ကို ငါးပါးစမှောက်တော့တာပဲ၊ ဒီ ပတ်ဂွန်းဝုက ဘာလို့ အဲ့လောက်ချောမောနေရတာလဲ၊ ဂင်Tရယ်လေးက Tပီပီ အမြဲတမ်း အပိုစကားတွေမပြောတက်၊ မရိုတက်တဲသူပေမယ့် ဒီပတ်ဂွန်းဝုဆိုတဲ့ကောင်လေးကိုတွေ့တော့ အရမ်းကို ရိုချင်လာတာပဲ၊ ဘယ်လိုလုပ်ရပါ့
ဒါပေမဲ့လည်း နဲနဲလည်းရင်းနှီးသလို ဖြစ်နေသေးတယ်
"ဝွန်းဂီရား၊ ပတ်ဂွန်းဝုလေ"
"အေး ထယ်ရယ်ရား
ငါအခုပဲ
မင်းကို သတင်းထူးပြောမလို့လာတာ
ငါအဲ့ပတ်ဂွန်းဝုရဲ့ ပုံတွေ ရှာတွေ့လာတယ်၊ ငါသေချာကြည့်လိုက်တော့မှ
အဲ့တာ မင်းကို မနေ့က ဓာတ်ပုံရိုက်သွားတဲ့ကောင်လေးပဲ""ဘာ!!!"
"ဟေ့ကောင် အဲ့တာတကယ်လား"
"တကယ်ပေါ့ကွ
ငါ့အမြင်အာရုံ အဲ့လောက်စူးရှတာ လုံး၀မမှားနိုင်ဘူး၊ အဲ့ကောင်လေးကသေချာပေါက် မင်းFanပဲ၊ မင်းကို ကြိုက်လို့ ဒီကျောင်းကို ပြောင်းလာတာများလား"
YOU ARE READING
Zerobaseone One Shots
Fanfictionအိုင့်ရဲ့ Fav ZB1 shipsတွေကို စိတ်ကူးပေါက်ရင် ပေါက်သလို ရေးသွားမှာပါ၊ အိုင်က OTP အစွဲမရှိပါဘူး ၊ အကုန်လုံးကို ချစ်တာမို့ အကုန်လုံးကို ရေးမှာပါ၊ အကျဉ်းချုပ်ကတော့ ကိုယ်ကြိုက်တာ ကိုယ်ရေးမှာ ဒါပါပဲ။