နေကြာတွေကနေမင်းရှိရာအရပ်ကို
မျက်နှာမူတယ်ဆိုရင်....
ကိုယ်ကလည်းနေကြာတွေလိုဘဲ မင်းရှိရာအရပ်ကိုဘဲမျက်နှာမူမယ် ။ဘယ်နေရာရောက်ရောက်၊ဘယ်အချိန်ဖြစ်ဖြစ်၊ဘယ်လိုဘဲဝေးကွာနေပါစေ၊ဘဝခြားနေရင်တောင်မှမင်းကငါ့အတွက်တော့ ဘယ်တော့မှငြိုးနွမ်းခြင်းမရှိတဲ့နေကြာပါဘဲ။
____🌻
ချွင်..!ချွင်..!ချွင်......!
အိပ်ခန်း၏ခန်းစည်းလိုက်ကာကနေတဆင့်လေပြေနုနုလေးကတိုးဝင်တိုက်ခတ်လာတော့ ပြတင်းပေါက်မှာအလှဆင်ထားတဲ့ ခြူလုံးလေးကလေနှင်ရာအတိုင်းတချွမ်ချွမ်ဖြင့်မြည်နေတော့သည်။
ထိုအသံကိုသူသိပ်ကြိုက်သောကြောင့် အိမ်ပေါက်ဝမှာလည်းတပ်ဆင်ထားသည်။လူလာရင်သိရတယ်လေ။ နံနက်ခင်းနေမင်းကြီးကရောင်နီထွက်ခါစပြုလာတော့ တနေ့တာရဲ့လုပ်ငန်းဆောင်တာတွေကိုပြုလုပ်ဖို့ရာ နွေးထွေးတဲ့အိပ်ယာကနေ မထချင်ထချင်ဖြင့် မျက်လုံးစုံမှိတ်ပြီး ကုန်းရုန်းထရတော့သည်။
ပ်ိတုန်းရောင်ဆံပင်တွေကထိုးထိုးထောင်ထောင်ဖြင့် ရှုပ်ပွနေပြီး အိပ်ရေးမဝခြင်းကိုပြတဲ့အနေနဲ့ နှုတ်ခမ်းကိုလည်းဆူထော်ထားသေးသည် ။ကလေးတယောက်နှယ် ချစ်စရာကောင်းတဲ့အမျိုးသားလေးကို အိပ်ယာထက်ကနေ ပါးချိုင့်ရေးရေးလေးပေါ်သည်အထိ သဘောတကျနဲ့ကြည့်နေတဲ့သူလည်းရှ်ိနေပြန်သည်။
*မောင့်ကလေးလေး အိပ်ရေးဝရဲ့လား...*
*ဟွန့်..!*
*ဟောဗျာ..စော"စီး"ဘာတွေအလိုမကျတာတုန်း...*
*မောင့်ကြောင့်လေ..!*
*မောင်ကဘာလုပ်လို့ မောင့်ကြောင့်ဖြစ်ရတာ...*
*မသိဘူးလား !ဘာလုပ်လဲဆိုတာ..!*
*အင်း..!ပြောပါအုန်း မောင်ဘာလုပ်တာ..*
*မောင်..!*
သူ့ရဲ့စူးနစ်နစ်အော်သံကြောင့်အိပ်ယာထက်ကသက်ဆိုင်သူမောင်က တခစ်ခစ်ဖြင့်ရယ်တော့သည်။စိတ်မရှည်တော့ဘဲ မျက်စောင်းဝံ့ကာ မောင့်ရဲ့ရင်အုပ်ကျယ်ကျယ်ကို ထုရိုက်တော့သူ့လက်ကိုအမိအရလိုက်ဖမ်းသည်။ မွေ့ယာဖြူဖြူထက်မှာလုံးထွေးသတ်ပုတ်နေတဲ့ ချစ်သူနှစ်ဦးက နံနက်ခင်းမှာတင်အချေတင်ဖြစ်နေကြတယ်။