မြစ်ရေပြင်ကြီးကိုငေးကြည့်ရင်း သက်ပြင်းချနေသော အမျိုးသမီးတစ်ဦး..သူမဘဝအကြောင်းကိုပြန်မတွေးချင်ပါသော်လည်း တစ်ခါတစ်ခါမှာ ပြန်လည်တွေးမိနေတတ်သေးသည်....အဆိုးဆုံးဆိုသော လောကဓံကို ကြံံ့ကြံ့ခံကာ ရင်ဆိုင်ဖြတ်ကျော်လာတာမို့ သူမ၏မျက်နှာပေါ်တွင် ရဲ့ရင်ပြတ်သားမှုက ...အထင်အရှားပင်....သူမနောက်ထပ်ကော ဘာတွေကြုံတွေ့ရအုံးမှာလဲ..ဆိုတာ သူမ မစဉ်းစားချင်တော့ပါ...
လွန်ခဲ့သော (8) နှစ်ခန့်က.................
ယဉ်ယဉ်လေးနဲ့ ကျက်သရေရှိစွာလှနေသော မြရွှန်းဦး၊သူမအသက်က (20)၊မိခင်မရှိတော့သည့်နောက်ပိုင်း ဖခင်နဲ့အတူ သူ့မောင်လေးအား စောက်ရှောက်နေသည့်မိန်းကလေးတစ်ယောက်ပင် ဖြစ်သည်။ သူမက ကျောလယ်ခန့်ရှိဆံပင်အရှည်နှင့် ကြည်လဲ့နေသောမျက်ဝန်းလေးအား ပိုင်ဆိုင်ထားသည်...သူမက မိန်းမချောတစ်ယောက်တော့မဟုတ်..သို့သော် တည်ငြိမ်ပြီး နန်းဆန်လွန်းလှသည်.... သူမက စာအရမ်းတော်သည်..ထက်မြတ်သည်...သူမက သူနာပြုလေးတစ်ဦးလည်းဖြစ်ပေသည်..သို့သော် သူနာပြုစုခြင်းအားစိတ်မဝင်စားပေ...ဘဝကံအကျိုးပေးမကောင်း၍သာ သူမစိတ်မဝင်စားသောနေရာ၌ ရှိနေခြင်းပင်ဖြစ်သည်....သူမက အချစ်ကိုလည်းမယုံကြည်...ယောကျာ်း လေးများအားလည်း စိတ်မဝင်စား.......။ထိုသို့သောအမျိုးသမီးတစ်ယောက်ပင်။
ရုပ်ရည်ချောမောသန့်ပြန့်ကာ အသက်အရွယ်နဲ့မလိုက်အောင် တည်ငြိမ်ရင့်ကျက်လွန်းပါသော အသက်(21)နှစ်အရွယ် ကောင်လေး မင်းခန့်မောင်၊ အထက်တန်းကျောင်းသားဘဝကတည်းက ကောင်မလေးတွေဝိုင်းဝိုင်းလည်နေခြင်းခံရသူ...ကောင်မလေးများအား ထည်လည်းတွဲသူ.....သူ့တွင် ညီမလေးနှင့် အဖေသာရှိ၍ မိတဆိုးညီမလေးအား လွန်စွာချစ်သူ....
ထိုသို့ အကျင့်စရိုက်မတူညီကြသော ကောင်လေးနှင့်ကောင်မလေးတို့၏ ဖြစ်ပေါ်လာမည့်ကံကြမ္မာ ဆိုးရွားလှသော အလှည့်အပြောင်း.....ဘာတွေဆက်ဖြစ်လာမလဲ.....
💘💘💘💘💘