Oneshot

594 52 33
                                    

''ဖြီးးး''

Jeongwoo ပါးစပ်ထဲမှာသောက်လက်စရေတွေအကုန်ပန်းထွက်သွားတာဖြစ်ပြီး ရှေ့ကလူရဲ့မျက်နှာကတော့ မျက်နှာတောင်သစ်စရာမလို။

''Ah ParkJeongWoo မင်းဘယ်လိုလုပ်လိုက်တာလဲ''

ရှုံ့မဲ့မဲ့နဲ့ဆိုလာတဲ့သူကို Jeongwoo လွယ်အိတ်ထဲက တစ်သျှူးတစ်ခုအမြန်ထုတ်၍သုတ်ပေးရသေးသည်။

''ဆောတီး Doyoungah မင်းအစကပြောလိုက်တဲ့စကားပြန်ပြောစမ်းပါ''

ထိုအခါမှ Doyoung သက်ပြင်းတချက်ချလျက် ခါးကိုလည်းထောက်ထားရသေးသည်။ ဒီလောက်မှထပ်ကြားချင်တယ်ဆိုတော့လည်း Doyoung ကထပ်ပြောပေးရမှာပေါ့ ဆိုတဲ့ ဒဇိုင်းနဲ့ အရှိန်ယူပြီးပြောဖို့အလုပ် ပါးစပ်ထဲဝင်လာတဲ့ပေါင်မုန့်တစ်လုံးကြောင့် အွတ်ခနဲ။

''အွတ်!''

Doyoung ပါးစပ်ထဲကပေါင်မုန့်တွေကိုပြန်ထုတ်ရင်း

''ရား ParkJeongWoo မင်းကလွန်နေပြီ''

''Doyoung အကုန်လုံးမင်း​ကြောင့်ပဲ အခုတော့မင်းကြောင့်နဲ့ ငါ Haruto ကိုရှုံးသွားပြီ''

''ဟမ် ငါကဘာလုပ်နေလို့လဲ''

''ဟိုနေ့ကသာ မင်းငါ့ကိုဂိမ်းဆိုင်အတင်းသွားဖို့မပြောရင် ငါ SeByeol ဆီသွားပြီး အဖြေတောင်းပြီးနေလောက်ပြီ အဲ့ဒါဆို ဟို Haruto ဖြတ်လုလို့ရမှာမဟုတ်ဘူး''

Doyoung ခေါင်းတယမ်းယမ်းဖြင့်သာ။ ပြောပြန်ပြီလျှောက်ပြီး မဟုတ်ရင်လည်း Haruto ကိုဘယ်တုန်းကနိုင်ဖူးတာကျလို့။

''မင်း Haruto နဲ့လွတ်လွတ်ကင်းကင်းဖြစ်တဲ့ကောင်မလေးကို​ကြိုက်ပါလား Jeongwoo ya မဟုတ်ရင် သူ့လက်ထဲပါပါသွားတာ Se Byeol ရောဆိုဘယ်နှယောက်မြှောက်ပြီလဲ''

Jeongwoo လက်ချိုးရေလျက်။

''၈ယောက်..ဒါပေမယ့်ငါကသူနဲ့မကင်းတဲ့ကောင်မလေးကိုကြိုက်တာမဟုတ်ဘူး သူကသာ ငါကြိုက်တဲ့ကောင်မလေးမှန်သမျှကိုလိုက်ဖြတ်လုနေတာ''

ဒါကိုတော့ ဒိုယောင်းထောက်ခံသည်။ ကျောင်းထဲမှာ Jeongwooတစ်ယောက် ယောက်ကို Crh မိပြီဆိုတာနဲ့ ၂ပတ်မကြာဘူး Haruto လက်ထဲရောက်သွားပြီပဲ

I don't think soWhere stories live. Discover now