part1

75 3 0
                                    

ရိပေါ် လေးသိတက်စ အရွယ်ထဲက နေထိုင်လာတဲ့ မြို့လေးက နယ်မကျ မြို့မကျ နေထိုင်လို့ကောင်းတဲ့
မြို့လေးတစ်မြို့အခုဆို ရိပေါ်လေးက အသက် ၇နှစ်နဲ့ကျောင်းတောင် 2တန်းရောက်နေပီ

ကျောင်းမှာ ရိပေါ်တို့ရဲ့အတန်းပိုင်ဆရာမကပြောတယ် ကျောင်းသားဆိုတာရည်းမှန်းချက်ရှိရမယ်တဲ့
အဲ့တာမှအနာဂတ်မမဲ့မှာတဲ့ရိပေါ်လေးမှာလဲကိုယ်ပိုင်ရည်မှန်းချက်ရှိပါတယ်

ဟဲဟဲ ......ရိပေါ်လေးရဲ့ရည်မှန်းချက်ကတော့
အိမ်သား ချောချောလေးရဖို့ပါပဲ
ဟုတ်တယ်လေ ရိပေါ် အိမ်သားလေးပဲလိုချင်တာ
မိန်းမတွေက စိတ်ရှုပ်ဖို့ကောင်းတယ်အိမ်မှာ မားမားက ပါးပါးကို ပြောဆိုနေတာ
ရိပေါ်‌တွေ့သားပဲ ပါးပါးက ခေါင်းကို တဗျင်းဗျင်း ကုတ်နေတော့တာ

"လူရယ်လို့ဖြစ်လာရင်
သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်မလား အဲ့တာကြောင့်ကို ရိပေါ်က အိမ်သားလေးရှာယူမှာ "

ပီးတော့ရိ ပေါ်က တော်ရုံတန်ရုံ နဲ့မကျေနပ်နိုင်ဘူး ရိပေါ်ယူမယ့်အိမ်သားက မြို့ကအချောအလှလေးပဲဖြစ်ရမယ် ဒီလိုနယ်ဘက်မှာနေရတာ ရိပေါ်က မကြိုက်ဘူး ရိပေါ်က မြို့ကြီးတွေကိုအရမ်းသဘောကျပီးနေခချင်တာ ပီးတော့ ဒီကဟာတွေကနှာချေးဘေးထူတွေလေ ဗိုက်တွေကလဲပူသေး စာကလဲညံ့ချက်
ရိပေါ်သိပ်စိတ်ပျက်တာ ရိပေါ်လေးသာပါးပါးမားမားရဲ့ ရူပါကောင်းမှုကြောင့်ချောနေတာ ဒါတွေထားပါ
ရိပေါ်အခုစာလုပ်ရအုံးမယ်
ရိပေါ်စာကြိုးစားမှ ကြီးလာရင် မြို့မှာပညာသွားသင် အဲ့မှာချောချောလှလှ ရိပေါ် အနာဂတ်အိမ်သားလေးနဲ့တွေ့ရမှာ

*နှစ်တွေ လဲကုန်လွန်လာပီ ရိပေါ်လဲ အလယ်တန်းကျောင်းသားဖြစ်နေပီ
ရာသီတွေ လတွေ နှစ်တွေကုန်လွန်လာပေမယ့်ပြောင်းလဲခြင်း မရှိတာကတော့ရိပေါ်ရဲ့အနာဂတ်ရည်မှန်းချက်ကြီးပါပဲ*

"ဟဲ့ ဝမ်ဝမ် သား မနက်စာစားသွားအုံးလေ
ဒီကလေး"

"ဟာ မားကလဲတော်ပီမစားတော့ဘူး သားကျောင်းသွားရအုံးမယ် "

"ကျောင်းချိန်ကအစောကြီးရှိသေးတယ်လေ အခုမှမနက် 8နာရီပဲရှိသေးတာ ကျောင်းချိန်က9နာရီမှကို"

Love with purposeWhere stories live. Discover now