3

477 26 1
                                    

Alarm ခနခနမြည်နေသောကြောင့် ဘတ်ကီတစ်ယောက်စိတ်ပျက်စွာ ဖိရထုရသည်..


" အိပ်ကောင်းနေတာကို .."


Alarmကောင်းတာလုပ်‌ေပမဲ့ အပစ်ပါတင်ခံလိုက်ရသေးသည်။ဘတ်ကီနားမလည်စွာဖြင့် အနားရှိcalendarကိုကြည့်မိသည်။1ရက်နေ့နဲ့ အလုပ်စလုပ်ရမဲ့နေ့မှာ ဘတ်ကီရဲ့နာမည်ကြီးတပ်ထားသည်။မျက်လုံးများပြူးကျယ်ကုန်သည်။နေရာမှကမမ်းကတမ်းထကာ တစ်ကိုယ်ရေသန့်ရှင်းလိုက်ရသည်။


" မနေ့ညက ဂိမ်းဆော့တာများသွားတာ "

တစ်ယောက်ထဲရေရွတ်နေရင်းအောက်ထပ်ကိုဆင်းလာချေမိတော့ အမေက မျက်စိတောင့်ထောင့်ပီးကြည့်နေသည်။ လက်ထဲမှာတော့ တံမြက်စည်းတစ်ချောင်း.. အဲ တစ်မြက်စည်းလား..။



"အဟဲ မဂ်လာရှိတဲ့မနက်ခင်းလေးပါ အမေ"

"ငါကတော့ မဂ်လာမရှိနိုင်သေးဖူး ဘတ်ကီ"

အမေကဘာတွေစိတ်ဆိုးနေမိလဲမသိ သူလည်းမမေးမိသေး။လက်ရှိက အလှပြင်ရမည်လေ ထိုကြောင့် အနောက်ခန်းထဲသွားရင်းက မိတ်ကပ်အနည်းငယ်လိမ်းပီး နှာခမ်းနီလေးဆိုးလိုက်သည်။


" အမေသမီးကို ဘာလို့.... အ့... အမေ နာ..နာတယ်လေ "

‌" အော်မနေစမ်းနဲ့ဘတ်ကီ မနေ့က နင်ဘာလို့ 12ကျော်"ကြီးမှအိပ်တာလ‌ဲ ဟမ်.. နင့်မျက်စိ‌ေတွနင်ကြည့်စမ်း ဘလိုဖြစ်နေပီလဲလို့!!"

ဘတ်ကီသိပါသည်။သို့သော်ငြားလည်းမနေ့က ကြက်သားငါးပွဲလောက်စားရမှကျေနပ်မည်ဆိုပီးဆော့မိတာတစ်ခုတည်းသာ..။
သို့သော်အမေကတော့ ဗိုက်ချပ်"လေးကိုမှဆွဲလိမ်လေတော့သည်။


" အမေကလဲ သမီးသိပါတယ်၊ညကသမ‌ီးဂိမ်းဆော့တာဟုတ်ပေမဲ့ သမီးလေ.. မနက်ဖန်ရုံးသွားရမာသိလို့ စာရွက်စာတမ်းတွေကြိုစုနေတာ "


" ဘတ်ကီရေ ငါနင့်အမေပါ ၊ ဗိုက်ခေါက်လိမ်ဆွဲတာကိုမှတ်ထား ဒါထပ်ဆိုးလာရင် ဖင်ကိုတံမြက်စည်းကျွေးမယ် "

" မရှိရှိတ‌ဲ့ဖင်ကိုတော့မထိခိုက်ပါနဲ့အမေရယ် "

အမေကိုပြောပီးမီးဖိုခန်းဘက်ထွက်ကာ ထမင်းစား‌ရန်နေရာယူသည်။

\\ 𝖮𝗍𝗈𝖻𝖾𝗋 𝖣𝖺𝗍𝖾❄️//Where stories live. Discover now