Bd With Hyung🎂

1K 184 105
                                    

Fic Name - Sep.1
Start & End - 1.9.2023
{One shot ✔}

____________

[Unicode]

ဒီနေ့က September 1 .. နာရီကြည့်လိုက်တော့ မနက်၈နာရီ~ ဒါပေမဲ့နေအလင်းရောင်မရှိဘဲဝေလီဝေလင်းအချိန်ကဲ့သို့ ပတ်ဝန်းကျင်ကတခွင်က အုံ့မှိုင်းနေဆဲပင်... အခုသူရင်ထဲမှာဖြစ်နေတဲ့အတိုင်းပင်.. ဂျောင်ဂုအိမ်ရဲ့ခြံအဝကိုသာ အခန်းရဲ့ပြတင်းပေါက်ကနေထိုင်ကြည့်နေမိတယ်.. ညကတည်းက ဒီလိုပုံစံပဲထိုင်နေခဲ့ပြီး တညလုံးလည်းမအိပ်နိုင်ခဲ့ပါ..။


ကျွီ~..

" အစောကြီးနိုးနေတာပဲ ဂျောင်ဂု~ "

" ............ "

အစောကြီးနိုးနေတာမဟုတ်ဘဲ ညကတည်းကမအိပ်ရသေးတာလို့ စိတ်ထဲတွင်သာပြောဆိုမိတယ်..

" မွေးနေ့ဆိုတော့အစောကြီးထတာကောင်းပါတယ်.. အမေရေညှိဟင်းချိုချက်ထားမယ်နော် ပြင်ဆင်ပြီးဆင်းလာခဲ့နော်.. "

" .......... "

" ဘာလို့မှိုင်နေတာလဲကွယ်.. သားရဲ့Hyungကဒီနှစ်မလာနိုင်တာကိုနားလည်ပေးရမယ်လေ.. မှိုင်မနေပါနဲ့.. ဆင်းလာခဲ့နော်.. အမေစောင့်နေမယ်.. "

" ............ "

အမေထွက်သွားသည့်တိုင်အောင် သူဘာကိုမှပြန်မဖြေမိပေ.. မျက်နှာမှာလည်းအရယ်အပြုံးမရှိနိုင်ဘဲ စားပွဲပေါ်တင်ထားတဲ့ဖုန်းကိုတချက်ယူကြည့်လိုက်တယ်.. ။ သူငယ်ချင်းအချို့ဆီက Birthday wish တွေတော့ဝင်ထားပါတယ်.. မျှော်နေတဲ့သူဆီက ဘာမှမဝင်ထားတဲ့အခါ စိတ်အလိုမကျပေ..။

သူလူမှန်းသိတတ်စအရွယ်ကတည်းက Hyungက သူ့မွေးနေ့ဆိုအမြဲအတူတူရှိပေးတတ်ပြီး သူ့မွေးနေ့ကိုမေ့တဲ့နှစ်ဆိုတာ တခါမှမရှိဖူးသေးပေ.. ဒီနှစ်မှာ Hyungကစစ်မှုထမ်းနေတယ်ဆိုပေမဲ့လည်း လူကိုယ်တိုင်လာမတွေ့နိုင်ရင်တောင် သူ့ဆီmessageလေးတစောင်တော့ပို့သင့်တယ်မဟုတ်လား.. ။

ဒီလိုပဲဆက်မှိုင်ချင်​​ပြီး စိတ်ကမပျော်ပေမဲ့ အောက်မဆင်းလာခဲ့ရင် အမေစိတ်မကောင်းဖြစ်မှာကိုစိုးရိမ်တာကြောင့် ရေချိုးပြီးအောက်ထပ်ဆင်းလာလိုက်တယ်.. ညတညလုံးမဆက်သွယ်လာလည်း ဒီနေ့တရက်လုံးတော့ သူမျှော်လင့်လို့ရသေးတာပဲလေ..။

𝖲𝖾𝗉.𝟏 || 𝑶𝑺 [✔]Where stories live. Discover now