*ခရစ်သက္ကရာဇ်အသစ် ၅၇၁၁ခုနှစ်တွင် လုံခြုံရေးတာဝါ၏ ရုံးအမှတ်၅မှ မတောင်းဆိုဘဲ ရောက်လာသော မက်ဆေ့သုံးစောင်ကို လက်ခံရရှိခဲ့သည်။
- အချစ်...ကိုယ် မင်းကို ကြည့်နေတယ်
- စိတ်အေးအေးထား... မင်းက အခု ထောင်ရဲ့ တီဗီမျက်နှာပြင်မှာ ပေါ်လာနေလို့လေ
- ရုတ်တရက်ကြီး ကိုယ်မင်းနဲ့ ပြန်ဆုံဖို့ တကယ်ကို မျှော်လင့်နေမိတယ်၊ အဲ့ဒီနေ့ကျရင် ကိုယ့်ကို အပြုံးလေးနဲ့ ကြိုဆိုမှာလား ဒါမှမဟုတ် ကိုယ့်ခေါင်းတည့်တည့်ကို သေနတ်နဲ့ ပစ်မှာလားဟင်
ကျယ်ပြန့်သောစားပွဲ၏ အနောက်တွင် ထိုင်လျက်ရှိသော ချူစစ်သည် ထိုမက်ဆေ့များကို မျက်နှာထားတည်တည်ဖြင့် ဖတ်ပြီးနောက် ဤသို့ စာပြန်လိုက်၏။
"ငါအမှတ်မမှားဘူးဆိုရင်တော့ မင်းရဲ့ ထောင်ဒဏ်က ဒီဂြိုလ်ရဲ့ သက်တမ်းနဲ့ ညီမျှတယ်၊ အဲ့ဒါကြောင့် ကံမကောင်းစွာနဲ့ဘဲ အဲ့ဒီနေ့က ရောက်လာမှာ မဟုတ်ဘူး"
ကမ္ဘာကြီးအဆုံးသတ်သွားပြီး ဒီဂြိုလ်က ပေါက်ကွဲမသွားခဲ့ဘူးဆိုရင်ပေါ့....
မည်သို့ပင်ဆိုစေကာမူ နှစ်နှစ်ကြာသောအခါ အနှီဂြိုလ်ကြီးသည်ကား အမှန်တကယ်ပင် ပေါက်ကွဲသွားခဲ့လေသည်။
ချူစစ်: "......."
T/N - ခရစ်သက္ကရာဇ်အသစ်ပါ။ လက်ရှိကိုယ်တွေ ရောက်နေတဲ့ CE(ခရစ်သက္ကရာဇ်)မဟုတ်ဘဲ New CE ဖြစ်ပါတယ်။ ဒီခေတ်ရဲ့ အလွန် နောက်ခေတ်တစ်ခုပေါ့။