You Are Always Perfect For Me

285 45 7
                                    

"ပတ်ခ်ဂွန်းနု!!!!!'

ရေချိုးခန်းထဲဝင်သွားတာကြာပြီဖြစ်တာကြောင့် ဟာအိုမှာ စိတ်တိုနေရသည့်ဖြစ်ခြင်း။

"မောင် အမြန်ချိုးလိုက်မယ်"

ဆိုတာ တကယ်တော့ အလိမ်အညာမှန်း ဟာအိုကရိပ်မိပြီးသားဖြစ်ပေမယ့် တစ်ခါတစ်ခါ သတိလွတ်သွားတဲ့အခါ အခုလိုပင် အကြာကြီး ထိုင်စောင့်နေရသည်။

"မောင်လာပြီ မောင်လာပြီ!"

သူ စိတ်ဆိုးနေပြီဖြစ်ကြောင်း အသံဆွဲကာ အော်ခေါ်သည်အား ကြည့်၍ သိနေသော မောင်က အမြန်ပင်  ရေချိုးခန်းထဲမှထွက်လာ၏။

"ကျစ်! မောင်ကတော့ ရေကိုလဲပြောင်အောင်မသုတ်ခဲ့ဘူး လာဒီကို!"

သူစိတ်ဆိုးမှာ ကြောက်တဲ့ ဂွန်းနုဟာ ရေစက်လက်အပေါ်ပိုင်းဗလာဖြင့် အမြန်ထွက်လာသောကြောင့် သနားစရာကြွက်စုတ်လေး ဖြစ်နေတော့သည်။
ထို့ကြောင့် ရေချိုးမယ့် အလုပ်ကို ခဏဘေးချ၍ သူ့အမျိုးသား ကလေးကြီးကို ရေသုတ်ပေးဖို့သာ ပြင်ရတော့သည်။

"မောင့်ကိုစိတ်မဆိုးဘူးမလား ဟာအို"

ကျန်းဟာအိုအနားသို့ တရွေ့ရွေ့ လျှောက်လာနေသော ပတ်ခ်သခင်လေးမှာ ဟာအိုစိတ်ဆိုးမည်ကို အတော်လေးစိုးရွံ့နေပေါ်ပုံ၏။

လက်မှ အမွှေးပွ ပဝါနှင့် သူ့အနားလာထိုင်သည့် ဂွန်းနု၏ ရေစိုနေတဲ့ဆံနွယ်တွေကို ဖွဖွသုတ်ပေးကာ..

"နောက်တစ်ခါကျ အချိန်တိုက်နေအောင်မချိုးနဲ့ပေါ့မောင်ရဲ့ အဲလိုအချိန်တိုက်နေတော့ စောင့်နေရတဲ့လူက ဒေါသမထွက်သင့်ဘဲထွက်နေရတယ်လေ"

ဂွန်းနုက ဟာအို့စကားကို သေချာနားစိုက်ကာထောင်နေ၏။
အခုချိန်ထိ အပေါ်ပိုင်းဗလာဘဲမို့
တစ်ခါတစ်ခါ ဂွန်းနု၏ ကျောပြင်ကျယ်ကြီးနဲ့ ဟာအို့လက်ဖျားတွေ တွေ့ထိသွားတဲ့အခါ အေးစက်စက်ခံစားမိသည်။

"မောင်.."

ဘာကြောင့်ခေါ်ထွက်မိသွားလဲမသိပေမယ့် ဟာအို့အသံတွေမှာ တိုးတိမ်ကာ နူးညံ့နေသည်မို့ ကိုယ်ကိုယ်ကိုပင်ရှက်သွားရသည်။

"ဗျာ.."

Deep Voiceနှင့် ပြန်ကာထူးလာတဲ့မောင့်ကြောင့် သူ့နှလုံးသားလေး ကတုန်ကယင်ဖြစ်သွားရသည်။

Only You Can~~(Complete)Where stories live. Discover now