Part 1

128 14 0
                                    

Unicode

"Jeon Jungkook"

ညနေခင်းရဲ့ သာယာမှုဟာ အော်ဟစ်သံတစ်ခုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသယောင်။

"ဖေကြီး သားလေးကို နားဝင်အောင်ပြောပြပါ အရမ်းကြီးတော့မဆူပါနဲ့"

"မင်း အသာနေစမ်းပါကွာ မင်းအဲ့လိုကာစီးကာစီးလုပ်နေလို့ ဒီကောင် ရောင့်တက်နေတာ ဟိုကောင် Jeon Jungkook ငါခေါ်နေတယ် မင်းမလာဘူးလား"

ခင်ပွန်းဖြစ်သူရဲ့စကားကြောင့် Mrs.Jeon အသာငြိမ်၍သာ သားဖြစ်သူဆင်းအလာကို စောင့်နေလိုက်တော့သည်။

"Jeon Jungkook မင်းအခုထိမလာသေးဘူးလား"

"လာပြီ လာပြီ အိမ်ပေါ်ကဆင်းလာချိန်လေးတော့စောင့်ပါဦး ဘာလို့ အဲ့လောက်အော်နေရတာလဲ အဖေမပင်ပန်းဘူးလား"

"အောင်မာ ငါ့ကို မိကျောင်းမင်း ရေခင်းပြမနေပါနဲ့  အခုကျောင်းကနေတိုင်စာ ရောက်လာတယ် ဒီလအတွက် မင်းအမှတ်စာရင်းက အနီတန်းတွေနဲ့ချည်း ငါရှက်လိုက်တာ Jeon Jungkook ရာ SoulHwa company CEO ရဲ့သား ကျောင်းမှာရတဲ့အဆင့်က မင်းအနောက်မှာ အမှိုက်ပုံးပဲရှိတော့တယ်လို့ အပြောခံရမှာ မင်းမရှက်ပေမယ့် ငါရှက်တယ်ဟိတ်ကောင်ရ"

ဆက်တိုက်ပြောနေတဲ့ ဖခင်ရဲ့စကားသံတွေအား စိတ်ရှုပ်စွာပင် Jungkook သက်ပြင်းချလိုက်မိတော့တယ်။

"ကျွန်တော်လည်း လုပ်တာပဲ သူ့ဟာသူအမှတ်နည်းတာဘာတတ်နိုင်မှာလဲ"

"ဟိတ်ကောင် ကြိုးစားရင် အမှတ်နည်းတယ်ဆိုတာမရှိဘူးကွ မင်းဘာတွေအလေလိုက်နေလဲဆိုတာ ငါမသိဘူးမထင်နဲ့ ဘယ့်နှယ်ကွာ မိဘက လိုလေသေးမရှိပြည့်စုံအောင်ထားပေးထားတယ် ဒါတောင် မင်းက ပညာရေးဘက်ကို အားမစိုက်ပေးရင် ငါသေရင် မင်းကို ဘယ်လိုစိတ်ချခဲ့ရမှာလဲ ငါမွေးထားတာ တစ်ဦးတည်းသောသား တစ်ယောက်တည်းရှိတာကို ငါဖြစ်မြောက်စေချင်တယ် မင်းအဲ့ဆန္ဒလေးတောင်မဖြည့်ဆည်းပေးနိုင်ဘူးလား"

"ကျွန်တော်မှ စိတ်မဝင်စားတာ ကျွန်တော်ဝါသနာပါတာကျ အဖေတို့ကမလုပ်ခိုင်းပဲနဲ့"

"ဆိုင်ကယ်ပတ်စီးတာကဝါသနာလား အဲ့လိုပတ်စီးနေတော့ရော မင်းဘဝအတွက်ဘာတွေဖြစ်မြောက်သွားလဲ မလိုချင်ဘူးဟိတ်ကောင် နောက်နေ့ကစပြီး ငါမင်းအတွက် သီးသန့် Guide ခေါ်ပေးမယ် မင်းက သေချာကြပ်မတ်မှရတော့မှာ"

All love is for UWhere stories live. Discover now